မိနစ် ၉၀ ကြာ တရားမ၀င် နေထိုင်မှုကြောင့် အဖမ်းခံရသူ ပြန်လည် လွတ်မြောက်

0
297

အမေရိကန်နိုင်ငံမှာ ပြည်ဝင်ခွင့် ဗီဇာခွင့်ပြုချက်ထက် မိနစ် ၉၀ ပိုကြာအောင်နေထိုင်မှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ သြစတေးလျ နိုင်ငံကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သူ့ရဲ့မိသားစုကပြောပါတယ်။

ဘက်ဇ်တာ ၂၆ နှစ်ဟာ ဧပြီလ ၂၃ ရက် ည ၁၂ နာရီမှာ သူ့ရဲ့အမေရိကန်ပြည်ခွင့်ဗီဇာ သက်တမ်းမကုန်ဆုံးမီ ကနေဒါနိုင်ငံကို ၀င် ရောက်လည်ပတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဘတ်ဇ်တာကို ကနေဒါရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သူ့ရဲ့ဗီဇာသက်တမ်းကျော်လွန်ချိန်မှ အမေရိကန်နိုင်ငံဘက်ကို ပြန်ပို့လိုက်တာ ဖြစ်ကြောင်း သူ့ရဲ့ဆွေမျိုးတွေက ပြောပါတယ်။

အခုလိုမျိုး ကြုံတွေ့ရခဲ့ပေမယ့် မစ္စတာဘတ်ဇ်တာဟာ ဘယ်လိုစိတ်အနှောင့်အယှက် ဖြစ်တဲ့ခံစားချက်မျိုး မဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သြစတေးလျအစိုးရက သံရုံးကနေတစ်ဆင့် အကူအညီပေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)