အမေရိကန်-ဂျပန်နဲ့ ဥရောပ နှစ်နိုင်ငံပေါင်းပြီး စစ်ရေးလေ့ကျင့်

0
361

တောင်တရုတ်ပင်လယ်ကို ဘေဂျင်းအစိုးရက ကန့်သတ်မှုပြုလုပ်လာမှာကို စိုးရိမ်မကင်းဖြစ်နေချိန်မှာ အမေရိကန်၊ ဂျပန်၊ ပြင် သစ်နဲ့ ဗြိတိန်နိုင်ငံတို့က တပ်ဖွဲ့တွေဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အူအမ်ကျွန်းမှာ ရေပြင်ဆင်းသက်မှု စစ်ရေးလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ကြ ပါတယ်။

ဒါဟာ နိုင်ငံတကာရေပိုင်နက်အတွင်းမှာ လွတ်လပ်စွာသွားလာ လုပ်ဆောင်ခွင့်ရှိတာကို ပြသမှုအနေနဲ့ လုပ်ဆောင်တာဖြစ်တယ် လို့ စစ်ရေးလေ့ကျင့်မှုရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောဆိုခဲ့ပါတယ်။

အခုလို ဂူအမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်တာဟာ အမေရိကန်အနေနဲ့ ဒေသတွင်းအပေါ် ဘယ်လောက်အလေးအနက် ထားနေတယ်ဆိုတာ မြောက်ကိုရီးယားကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းက အမေရိကန်လေယာဉ်တင်သင်္ဘော ကိုရီးယားကျွန်းဆွယ်ကို စေလွှတ်မှုနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်း သပ်ပစ်ခတ်မှုတွေကြောင့် အမေရိကန်-မြောက်ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်လာခဲ့ပါတယ်။

အဆိုပါလေ့ကျင့်မှုကို ပြင်သစ်က ဦးဆောင်ပြီး ရဟတ်ယာဉ်နဲ့ တပ်ဖွဲ့ဝင်တွေ ချထားမှု၊ ကင်းလှည့်လည်မှုတွေကို ပြုလုပ်တာဖြစ်ပါတယ်။ ပြင်သစ်စစ်သင်္ဘောနှစ်စင်းပါဝင်ပြီး အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ အဆိုပါသင်္ဘောတွေကို လေးလကြာ တပ်ဖြန့် ထားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံးကို သူတို့ရဲ့ရေပိုင်နက်ဖြစ်တယ်လို့ ကြွေးကြော်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)