အီဂျစ်မှာ နှစ်ပေါင်း ၃၇၀၀ ခန့်က ဖာရိုဘုရင့်သမီးတော်သင်္ချိုင်း တွေ့ရှိ

0
281

အီဂျစ်နိုင်ငံမှာ မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့တဲ့ ပိရမစ်တစ်ခုအနီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၇၀၀ ခန့်က မြှုပ်နှံခဲ့တယ်လို့ ယူဆရတဲ့ ဖာရိုဘုရင်ကြီးရဲ့သမီးတော်သင်္ချိုင်းကို တွေ့ရှိခဲ့ပါတယ်။

ကိုင်ရိုမြို့တောင်ဘက်ပိုင်းမှာအဆိုပါ သမီးတော်သင်္ချိုင်းကို တွေ့ရှိခဲ့တာဖြစ်ကြောင်း အီဂျစ်ရှေ့ဟောင်းပစ္စည်းဝန်ကြီး ဌာနက ပြောပါတယ်။

သင်္ချိုင်းနေရာကနေ တွေ့ရှိရတဲ့ သေတ္တာအတွင်း ခရားလေးလုံးတွေ့ရှိရပြီး ဘုရင်ကြီး အီမင်ကမောရဲ့သမီးတော် ရုပ်အလောင်းက ကြွင်းကျန်တဲ့အရာတွေကို အဲဒီခရားတွေထဲမှာ တွေ့ရှိရတယ်လို့ ၀န်ကြီးဌာနက ဖော်ပြပါတယ်။

အဆိုရုပ်အလောင်းကိုတွေ့ရှိတဲ့နေရာနဲ့ ဘုရင်ကြီးရဲ့ပိရမစ်က ပေပေါင်း ၁၉၇၀ ခန့်ဝေးကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)