တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေအင်းကို ဘေဂျင်းအစိုးရ ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့

0
278

တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတသစ် မွန်ဂျေအင်းကို တရုတ်သမ္မတရှီကျင်းပင်း ချီးကျုးဂုဏ်ပြုလွှာပေးပို့ခဲ့ပြီး နှစ်နိုင်ငံခြားက အ ပြန်အလှန်ဆက်ဆံရေးကို တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ် (Thaad) ကို တပ်ဆင်ခွင့်ပေးလိုက်တာကြောင့် နှစ်နိုင်ငံကြား က ဆက်ဆံရေးမှာ တင်းမာမှုတွေရှိခဲ့ပါတယ်။

အဲဒီကာကွယ်ရေးစနစ်ရဲ့ဆင်ဆာတွေက ထိရောက်မှုမြင့်မားတာကြောင့် တရုတ် နိုင်ငံရဲ့အတွင်းပိုင်းအထိ ထောက်လှမ်းစူးစမ်းမှုပြုလုပ်နိုင်ဖွယ်ရှိနေတာကြောင့် တရုတ်အစိုးရက စိုးရိမ်မကင်းဖြစ်ပြီး တောင်ကိုရီး ယားရဲ့ခွင့်ပြုမှုအပေါ် အမြင်မကြည်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၅ နှစ်ကာလက စတင်ပြီး ဒီမိုကရက်တစ်နည်းလမ်းနဲ့ အပြန်အလှန်ဆက်နွယ်မှုတွေ ပြုလုပ်ခဲ့တာဟာ အင်မတန် အရေး ပါတဲ့ အိမ်နီးချင်းနိုင်ငံတွေအဖြစ် ပေါ်လွှင်စေခဲ့ပါတယ်လို့ သမ္မတရှီကျင်းပင်ကအဆိုပါ သ၀ဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။

တရုတ်မီဒီယာတွေက မစ္စတာမွန်ဂျေအင်းရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုမှုကို ကြားဖြတ်သတင်းအနေနဲ့ အရေးပေးဖော်ပြခဲ့ကြပါ
တယ်။ ဒါ့အပြင် တောင်ကိုရီးယားသမ္မတသစ်က အမေရိကန်၊ တရုတ်နိုင်ငံတို့နဲ့ Thaad ဒုံးကျည်ကာကွယ်ရေးစနစ်အကြောင်း ဆွေးနွေးချင်ပါတယ်လို့ ပြောဆိုခဲ့တဲ့အကြောင်းကိုလည်း တရုတ်မီဒီယာတွေက ကိုးကားဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)