အီရတ်နိုင်ငံ မိုဆူးလ်မြို့က အသက်ရှင်ကျန်ရစ်သူများစွာ ဒုက္ခိတအဖြစ်နဲ့ ရပ်တည်နေ ကြရ

0
294

စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့မှာ ပြည်သူအများစုဟာ ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ကြ ပေမယ့်လည်း အနာဂါတ်မှာ ဒုက္ခိတဘ၀နဲ့ပဲ ရှင်သန်ရပ်တည်နေကြရသူ များစွာရှိနေပါတယ်။

အီရတ်အစိုးရတပ်ဖွဲ့နဲ့ အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ တိုက်ပွဲကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ အီရတ်ပြည်သူတွေဟာ စဉ်ဆက်မပြတ် တိုက်ခိုက်ပစ်ခတ်မှုတွေအကြားမှာ ရှင်သန်နေကြရတာဖြစ်ပါတယ်။

နိုင်ငံတကာကြက်ခြေနီကော်မတီရဲ့ဖော်ပြချက်အရ မိုဆူးလ်မြို့မှာ စစ်ဘေးစစ်ဒဏ်ကြောင့် ခြေပြတ်ပြီး ဒုက္ခိတဖြစ်ရသူ ၆၂၅ ဦးရှိ ကြောင်း သိရှိရပါတယ်။

ကုလသမဂ္ဂရဲ့ဖော်ပြချက်အရ မိုဆူးလ်မြို့မှာ ပြည်သူ ၁၂၀၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ်ရဲ့ပထမဆုံး သုံးလအတွင်းမှ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ဖွင့်ထားတဲ့ အရိုးကုဆေးရုံမှာ မိုဆူးလ်မြို့က ခြေလက်ဆုံးရှုံးခဲ့သူ ၁၄၈ ဦးကို ကုသပေးခဲ့ရပါတယ်။

မိုဆူးလ်မြို့ပတ်ဝန်းကျင်မှာ နိုင်ငံတကာထောက်ပံ့ကူညီပေးရေးအဖွဲ့တွေက ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသူတွေကို ပြန်လည်နာလန်ထ ရေးအတွက် ကူညီပေးနေကြပါတယ်။

အဆိုပါလူနာအများစုက သူတို့အနေနဲ့ ဘီးတပ်လှည်းပေါ်မှာပဲ ဘ၀တလျှောက်လုံး ကုန်ဆုံးရတော့မယ်လို့ ယူဆနေကြပြီး ခြေတုနဲ့ လမ်းပြန်လျှောက်နိုင်ချိန်မှာ အတော်လေးဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)