အိန္ဒိယမှာ Lockdown ကို သက်တမ်းတိုးဖို့ ဆုံးဖြတ်

0
217

COVID-19 ရောဂါကြောင့် နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်မှု Lockdown ကို ဧပြီလ ၁၄ ရက်နောက်ပိုင်း ဆက်လက် သက်တမ်းတိုးဖို့ ဧပြီလ ၁၁ ရက်နေ့က ဆုံးဖြတ်လိုက်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီက ပြောပါတယ်။

ပြည်နယ် အများစုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတာကြောင့် အခုလို Lockdown ကို သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဝန်ကြီးချုပ် မိုဒီက ဧပြီလ ၈ ရက်နေ့မှာ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဗီဒီယို ကွန်ဖရင့် လုပ်စဉ်ကတည်းက သက်တမ်းတိုးမှာ ဖြစ်တယ်လို့ ကြိုတင် ပြောခဲ့ပြီးသား ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီက အခု ရင်ဆိုင်နေရတဲ့ အခြေအနေဟာ “လူမှုရေးအရ အရေးကြီးကာလ” ဖြစ်ကြောင်းနဲ့ ကျွမ်းကျင်သူ ပညာရှင်တွေကလည်း Lockdown ကာလ သက်တမ်းတိုးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့ကစပြီး ရှော့ပင်းမောလ်တွေ၊ စျေးတွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ အကုန်လုံး ပိတ်ထား၊ ရပ်နားထားရပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၆၇၆၁ ခုရှိပြီး သေဆုံးသူ ၂၀၀ အထိ ရှိသွားပါပြီ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယမှာ Lockdown ကို သက်တမ်းတိုးဖို့ ဆုံးဖြတ်

COVID-19 ရောဂါကြောင့် နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်မှု Lockdown ကို ဧပြီလ ၁၄ ရက်နောက်ပိုင်း ဆက်လက် သက်တမ်းတိုးဖို့ ဧပြီလ ၁၁ ရက်နေ့က ဆုံးဖြတ်လိုက်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီက ပြောပါတယ်။

ပြည်နယ် အများစုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတာကြောင့် အခုလို Lockdown ကို သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဝန်ကြီးချုပ် မိုဒီက ဧပြီလ ၈ ရက်နေ့မှာ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဗီဒီယို ကွန်ဖရင့် လုပ်စဉ်ကတည်းက သက်တမ်းတိုးမှာ ဖြစ်တယ်လို့ ကြိုတင် ပြောခဲ့ပြီးသား ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီက အခု ရင်ဆိုင်နေရတဲ့ အခြေအနေဟာ “လူမှုရေးအရ အရေးကြီးကာလ” ဖြစ်ကြောင်းနဲ့ ကျွမ်းကျင်သူ ပညာရှင်တွေကလည်း Lockdown ကာလ သက်တမ်းတိုးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ပြောပါတယ်။   

အိန္ဒိယနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့ကစပြီး ရှော့ပင်းမောလ်တွေ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ အကုန်လုံး ပိတ်ထား၊ ရပ်နားထားရပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၆၇၆၁ ခုရှိပြီး သေဆုံးသူ ၂၀၀ အထိ ရှိသွားပါပြီ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)