Oxfam ဝန္ထမ္းေတြရဲ႕ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈ စြပ္စြဲခ်က္ ထြက္ေပၚ

0
1080

ခရစ္ယာန္ အလႉဒါန အဖြဲ႔အစည္း တစ္ခုျဖစ္တဲ့ ေအာက္စ္ဖမ္း (Oxfam) က ဝန္ထမ္းေတြ ေဟတီႏိုင္ငံမွာ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈေတြရွိၿပီး Oxfam အေနနဲ႔ စံုစမ္းစစ္ေဆးဖို႔ ပ်က္ကြက္တယ္လို႔ စြပ္စြဲခံေနရပါတယ္။

၂၀၁၁ ခုႏွစ္တုန္းက ေဟတီမွာ ဝန္ထမ္းေတြက လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈေတြ ရွိခဲ့တာကို Oxfam ရဲ႕ ကိုင္တြယ္ေျဖရွင္းပံုကို ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္။ ၿဗိတိန္ ႏိုင္ငံတကာ ဖြံ႔ၿဖိဳးေရး ဝန္ႀကီး ပန္နီ ေမာ္ဒါးအန္႔ဟာ ဒီေန႔ Oxfam တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ မ်က္ႏွာခ်င္းဆိုင္ ေျဖရွင္းဖို႔ အခြင့္အေရး ေပးတာ ျဖစ္ပါတယ္၊ ကိုယ္က်င့္တရားဆိုင္ရာ ေခါင္းေဆာင္မႈ ေပးႏိုင္ျခင္း ရွိ၊ မရွိ ၾကည့္မွာ ျဖစ္တယ္လို႔ ေမာ္ဒါးအန္႔က ေျပာပါတယ္။

အဖြဲ႔အစည္းတစ္ခုမွာ ကိုယ္က်င့္တရားဆိုင္ရာ ေခါင္းေဆာင္မႈ မေပးႏိုင္ရင္ ၿဗိတိန္အစိုးရနဲ႔ လက္တြဲ လုပ္ေဆာင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ သူက ေျပာပါတယ္။ Oxfam ဟာ ဒီျပႆနာကို မေျဖရွင္းႏိုင္ရင္ အစိုးရကေပးေနတဲ့ ရန္ပံုေငြေတြ ျဖတ္ေတာက္ခံရမွာ ျဖစ္ပါတယ္။   

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Oxfam ဝန်ထမ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု စွပ်စွဲချက် ထွက်ပေါ်

ခရစ်ယာန် အလှူဒါန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အောက်စ်ဖမ်း (Oxfam) က ဝန်ထမ်းတွေ ဟေတီနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေရှိပြီး Oxfam အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲခံနေရပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ဟေတီမှာ ဝန်ထမ်းတွေက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ရှိခဲ့တာကို Oxfam ရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီး ပန်နီ မော်ဒါးအန့်ဟာ ဒီနေ့ Oxfam တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ အခွင့်အရေး ပေးတာ ဖြစ်ပါတယ်၊ ကိုယ်ကျင့်တရားဆိုင်ရာ ခေါင်းဆောင်မှု ပေးနိုင်ခြင်း ရှိ၊ မရှိ ကြည့်မှာ ဖြစ်တယ်လို့ မော်ဒါးအန့်က ပြောပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ကိုယ်ကျင့်တရားဆိုင်ရာ ခေါင်းဆောင်မှု မပေးနိုင်ရင် ဗြိတိန်အစိုးရနဲ့ လက်တွဲ လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။ Oxfam ဟာ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် အစိုးရကပေးနေတဲ့ ရန်ပုံငွေတွေ ဖြတ်တောက်ခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)