
0
1041




>>>>>>>>>>>>>>>>>>>>>>>>>>>>>

မဲလ်ဘုန်း စီးနင်းမှု လက်နက်၊ မူးယစ်ဆေးနဲ့ လူ ၅ ဦး ဖမ်းမိ

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ အနောက်ပိုင်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရဲတွေ စီးနင်းရှာဖွေရာမှာ လက်နက်၊ မူးယစ်ဆေးတွေနဲ့အတူ လူ ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သြစတြေးလျရဲတွေက ဖမ်းဝရမ်းနဲ့ နေရာ ၃ ခုကို စီးနင်းရှာဖွေခဲ့တာ ဖြစ်ပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးကာ လက်နက်မှု၊ ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်း ပိုင်ဆိုင်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။

နှစ်ဦးကို အာမခံပေးလိုက်ပြီး ဇွန်လမှာ ဆန်းရှိုင်း တရားရုံးမှာ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကျန် ၃ ဦးကတော့ ဒီသီတင်းပတ်အတွင်း ရုံးထုတ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)