အေမရိကန္ အမ်ိဳးသမီး ေျမးျဖစ္သူကို ကိုယ္ဝန္ အငွားေဆာင္ၿပီး ေမြးဖြားေပး

0
1026

အေမရိကန္ႏိုင္ငံ၊ အာကင္ဆတ္ ျပည္နယ္က အမ်ိဳးသမီးတစ္ဦးဟာ ေျမးျဖစ္သူကို ကိုယ္ဝန္ အငွားေဆာင္ၿပီး ေမြးဖြားေပးလိုက္ပါတယ္။

အသက္ ၅၀ အရြယ္ ပက္တီ ရီဆက္ကာဟာ ကိုယ္ဝန္ မေဆာင္ႏိုင္တဲ့ ေခြ်းမျဖစ္သူကိုယ္စား အငွားကိုယ္ဝန္ေဆာင္ၿပီး ေမြးဖြားေပးတာ ျဖစ္ပါတယ္။ ေခြ်းမျဖစ္သူ ေကလာ ဂ်ဳန္းစ္ဟာ ဆယ္ေက်ာ္သက္အရြယ္မွာ သားအိမ္ တစ္စိတ္တစ္ပိုင္းကို ျဖတ္ထုတ္ထားရလို႔ ကိုယ္ဝန္ေဆာင္လို႔ မရပါဘူး။

ဒါေပမယ့္ တျခားနည္းနဲ႔ ကေလးရယူႏိုင္တယ္ဆိုတာကို သိတဲ့အတြက္ ေကလာ ဂ်ဳန္းစ္နဲ႔ ကိုဒီ ဂ်ဳန္းတို႔ လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ကိုဒီရဲ႕ မိခင္ ရီဆက္ကာက ကေလးကို အငွားကိုယ္ဝန္ ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် အမျိုးသမီး မြေးဖြစ်သူကို ကိုယ်ဝန် အငှားဆောင်ပြီး မွေးဖွားပေး

အမေရိကန်နိုင်ငံ၊ အာကင်ဆတ် ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ မြေးဖြစ်သူကို ကိုယ်ဝန် အငှားဆောင်ပြီး မွေးဖွားပေးလိုက်ပါတယ်။

အသက် ၅၀ အရွယ် ပက်တီ ရီဆက်ကာဟာ ကိုယ်ဝန် မဆောင်နိုင်တဲ့ ချွေးမဖြစ်သူကိုယ်စား အငှားကိုယ်ဝန်ဆောင်ပြီး မွေးဖွားပေးတာ ဖြစ်ပါတယ်။ ချွေးမဖြစ်သူ ကေလာ ဂျုန်းစ်ဟာ ဆယ်ကျော်သက်အရွယ်မှာ သားအိမ် တစ်စိတ်တစ်ပိုင်းကို ဖြတ်ထုတ်ထားရလို့ ကိုယ်ဝန်ဆောင်လို့ မရပါဘူး။

ဒါပေမယ့် တခြားနည်းနဲ့ ကလေးရယူနိုင်တယ်ဆိုတာကို သိတဲ့အတွက် ကေလာ ဂျုန်းစ်နဲ့ ကိုဒီ ဂျုန်းတို့ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဒီရဲ့ မိခင် ရီဆက်ကာက ကလေးကို အငှားကိုယ်ဝန် ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)