
0
1038




>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီးချင်း လက်ထပ်တဲ့ လက်စဘီယန် ကျောင်းဆရာမ အလုပ်ထုတ်ခံရ

အမေရိကန် ကျောင်းဆရာမ ဂျိုဆီလင်း မော်ဖီဟာ တခြားအမျိုးသမီးတစ်ဦးနဲ့ လက်ထပ်လိုက်တဲ့အတွက် စာသင်ကျောင်းကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။

မော်ဖီဟာ မိုင်ယာမီရှိ စိန့်ပီတာနှင့် ပေါလ် ကက်သလစ်ကျောင်းမှာ စာသင်လာတာ ၇ နှစ် ရှိပြီ ဖြစ်ပြီး အမျိုးသမီး တစ်ဦးဖြစ်တဲ့ ကီး လာဂိုကို လက်ထပ်ပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အလုပ်ထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ကျောင်းအုပ် ကားလ်လိုတာ မော်ရေးစ်က မော်ဖီရဲ့ မိဘတွေဆီ ရေးသားပေးပို့တဲ့ ခပ်တိုတို အကြောင်းကြားစာမှာ ခက်ခဲပြီး မဖြစ်မနေ ချမှတ်ရတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းနဲ့ မော်ဖီအနေနဲ့ ကျောင်းမှာ စာသင်ရတော့မှာ မဟုတ်ဘူးလို့ ဖော်ပြထားပေမယ့် အကြောင်းပြချက်ကို ရေးသားမထားပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)