သက္ဆင္နဲ႔ ယင္းလတ္တို႔ တ႐ုတ္ႏိုင္ငံကို ေရာက္ေန

0
989

ျပည္ေျပးေတြလို႔ သတ္မွတ္ခံထားရတဲ့ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ယင္းလတ္ ရွင္နာဝပ္နဲ႔ သူ႔ရဲ႕ အစ္ကို သက္ဆင္ ရွင္နာဝပ္တို႔ကို ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕မွာ ေစ်းဝယ္ထြက္ေနတာကို သတိျပဳမိခဲ့ၾကပါတယ္။

ေဘဂ်င္းၿမိဳ႕ရွိ ေစ်းဆိုင္ငယ္တစ္ခုမွာ သက္ဆင္နဲ႔ ယင္းလတ္တို႔ႏွစ္ဦး သစ္ခ်သီး ဝယ္ေနတဲ့ ပံုေတြကို ထိုင္း အြန္လိုင္း မီဒီယာတစ္ခုျဖစ္တဲ့ မတိခြ်န္ သတင္းဝက္ဘ္ဆိုက္မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

တ႐ုတ္ႏွစ္သစ္ကူး မတိုင္ခင္ ေဘဂ်င္းေရာက္ ေဖေဖက ထိုင္းလူမ်ိဳးအားလံုးအတြက္ ဆုေတာင္းေပးေနေၾကာင္း၊ တစ္ဦးနဲ႔ တစ္ဦး ေဝေနေပမယ့္ အားလံုးကို သတိရေၾကာင္း သက္ဆင္ရဲ႕ သမီးအငယ္ဆံုး ျဖစ္သူ ေပတြန္တန္ကလည္း အင္စတာဂရမ္မွာ ဓာတ္ပံုနဲ႔ တင္ထားတာကို ေတြ႔ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

သက်ဆင်နဲ့ ယင်းလတ်တို့ တရုတ်နိုင်ငံကို ရောက်နေ

ပြည်ပြေးတွေလို့ သတ်မှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်နာဝပ်နဲ့ သူ့ရဲ့ အစ်ကို သက်ဆင် ရှင်နာဝပ်တို့ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဈေးဝယ်ထွက်နေတာကို သတိပြုမိခဲ့ကြပါတယ်။

ဘေဂျင်းမြို့ရှိ ဈေးဆိုင်ငယ်တစ်ခုမှာ သက်ဆင်နဲ့ ယင်းလတ်တို့နှစ်ဦး သစ်ချသီး ဝယ်နေတဲ့ ပုံတွေကို ထိုင်း အွန်လိုင်း မီဒီယာတစ်ခုဖြစ်တဲ့ မတိချွန် သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူး မတိုင်ခင် ဘေဂျင်းရောက် ဖေဖေက ထိုင်းလူမျိုးအားလုံးအတွက် ဆုတောင်းပေးနေကြောင်း၊ တစ်ဦးနဲ့ တစ်ဦး ဝေနေပေမယ့် အားလုံးကို သတိရကြောင်း သက်ဆင်ရဲ့ သမီးအငယ်ဆုံး ဖြစ်သူ ပေတွန်တန်ကလည်း အင်စတာဂရမ်မှာ ဓာတ်ပုံနဲ့ တင်ထားတာကို တွေ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)