ထင္ရွားတဲ့ ကေနဒါ-အီရန္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူ ေထာင္ထဲမွာ ကြယ္လြန္

0
355

ထင္ရွားတဲ့ ကေနဒါ-အီရန္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားသူ ကာဗို႔စ္ ေဆယက္ အီမာမီ (၆၃ ႏွစ္) ဟာ တဟီရန္ ေထာင္ထဲမွာ ေသဆံုးသြားၿပီ ျဖစ္တယ္လို႔ အီရန္ တရားေရးဌာနက ေၾကညာပါတယ္။

မစၥတာ ေဆယက္ အီမာမီကို သူလွ်ိဳလုပ္တယ္ဆိုၿပီး အီရန္ အစိုးရက ဖမ္းဆီးေထာင္ခ်ထားတာ ျဖစ္ပါတယ္။ အီရန္ရွိ အီမမ္ ဆာေဒ့ တကၠသိုလ္ လူမႈေဗဒ ပါေမာကၡ မစၥတာ ေဆယက္ အီမာမီကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၄ ရက္ေန႔က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

မစၥတာ ေဆယက္ အီမာမီဟာ အီရန္ရဲ႕ ရွားပါးတိရစာၦန္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ ႀကိဳးပမ္းေနတဲ့ ပါရွန္ ေတာ႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရး ေဖာင္ေဒးရွင္းရဲ႕ ဒါ႐ိုက္တာ ျဖစ္ၿပီး အေမရိကန္ကေန ဘြဲ႔ရရွိခဲ့သူ ျဖစ္ပါတယ္။

ရက္ပိုင္းအတြင္း ႐ုတ္တရက္ ကြယ္လြန္တယ္ဆိုတာကို မယံုႏိုင္ေၾကာင္းနဲ႔ ေသဆံုးမႈနဲ႔ ပတ္သက္လို႔ လြတ္လပ္စြာ စံုစမ္းစစ္ေဆးေပးဖို႔ မစၥတာ ေဆယက္ အီမာမီရဲ႕ သားျဖစ္သူက ေတာင္းဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

ထင်ရှားတဲ့ ကနေဒါ-အီရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ထောင်ထဲမှာ ကွယ်လွန်

ထင်ရှားတဲ့ ကနေဒါ-အီရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ကာဗို့စ် ဆေယက် အီမာမီ (၆၃ နှစ်) ဟာ တဟီရန် ထောင်ထဲမှာ သေဆုံးသွားပြီ ဖြစ်တယ်လို့ အီရန် တရားရေးဌာနက ကြေညာပါတယ်။

မစ္စတာ ဆေယက် အီမာမီကို သူလျှိုလုပ်တယ်ဆိုပြီး အီရန် အစိုးရက ဖမ်းဆီးထောင်ချထားတာ ဖြစ်ပါတယ်။ အီရန်ရှိ အီမမ် ဆာဒေ့ တက္ကသိုလ် လူမှုဗေဒ ပါမောက္ခ မစ္စတာ ဆေယက် အီမာမီကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဆေယက် အီမာမီဟာ အီရန်ရဲ့ ရှားပါးတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းနေတဲ့ ပါရှန် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဖြစ်ပြီး အမေရိကန်ကနေ ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။

ရက်ပိုင်းအတွင်း ရုတ်တရက် ကွယ်လွန်တယ်ဆိုတာကို မယုံနိုင်ကြောင်းနဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပေးဖို့ မစ္စတာ ဆေယက် အီမာမီရဲ့ သားဖြစ်သူက တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)