အင္ဒိုနီးရွား ဘ႑ာေရးဝန္ႀကီး ကမာၻ႔အေကာင္းဆံုး ဝန္ႀကီးဆု ရ

0
266

အင္ဒိုနီးရွား ဘ႑ာေရးဝန္ႀကီး ဆရီ မူလ်ာနီ အင္ဒရာဝါတီဟာ ကမာၻ႔အေကာင္းဆံုး ဝန္ႀကီးအျဖစ္ သတ္မွတ္ခံရပါတယ္။

အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ (UAE) ဒူဘိုင္းၿမိဳ႕မွာ က်င္းပတဲ့ (၆) ႀကိမ္ေျမာက္ ကမာၻ႔အစိုးရညီလာခံက အင္ဒိုနီးရွား စီးပြားေရးကို အေကာင္းဆံုး ပဲ့ကိုင္ႏိုင္မႈအတြက္ ကမာၻ႔အေကာင္းဆံုး ဝန္ႀကီးအျဖစ္ ေရြးခ်ယ္တာျဖစ္ၿပီး ဆုကို UAE ဝန္ႀကီးခ်ဳပ္ ရွိတ္ မိုဟာမက္ ဘင္ ရာရွစ္ အယ္လ္ မက္တိုအမ္က ေပးအပ္ပါတယ္။

ဘ႑ာေရးဝန္ႀကီး ဆရီ မူလ်ာနီ ဟာ အစိုးရအတြင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးနဲ႔ ပြင့္လင္းျမင္သာမႈ ပိုရွိေရး ေဆာင္ရြက္ႏိုင္မႈအတြက္လည္း အသိအမွတ္ျပဳခံရပါတယ္။ ဝန္ႀကီး ဆရီ မူလ်ာနီဟာ ၂၀၁၆ ခုႏွစ္မွာ ဘ႑ာေရးဝန္ႀကီးအျဖစ္ ခန္႔အပ္ခံရသူျဖစ္ၿပီး အရင္က ကမာၻ႔ဘဏ္ရဲ႕ စီမံအုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာအျဖစ္လည္း တာဝန္ယူခဲ့ဖူးပါတယ္။ အဲဒီ မတိုင္ခင္ ၂၀၀၅ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အတြင္းကလည္း အင္ဒိုနီးရွား ဘ႑ာေရးဝန္ႀကီးတာဝန္ကို ယူခဲ့ပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး ကမ္ဘာ့အကောင်းဆုံး ဝန်ကြီးဆု ရ
အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး ဆရီ မူလျာနီ အင်ဒရာဝါတီဟာ ကမ္ဘာ့အကောင်းဆုံး ဝန်ကြီးအဖြစ် သတ်မှတ်ခံရပါတယ်။

အာရပ်စော်ဘွားများနိုင်ငံ (UAE) ဒူဘိုင်းမြို့မှာ ကျင်းပတဲ့ (၆) ကြိမ်မြောက် ကမ္ဘာ့အစိုးရညီလာခံက အင်ဒိုနီးရှား စီးပွားရေးကို အကောင်းဆုံး ပဲ့ကိုင်နိုင်မှုအတွက် ကမ္ဘာ့အကောင်းဆုံး ဝန်ကြီးအဖြစ် ရွေးချယ်တာဖြစ်ပြီး ဆုကို UAE ဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်တိုအမ်က ပေးအပ်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး ဆရီ မူလျာနီ ဟာ အစိုးရအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပွင့်လင်းမြင်သာမှု ပိုရှိရေး ဆောင်ရွက်နိုင်မှုအတွက်လည်း အသိအမှတ်ပြုခံရပါတယ်။ ဝန်ကြီး ဆရီ မူလျာနီဟာ ၂၀၁၆ ခုနှစ်မှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ပြီး အရင်က ကမ္ဘာ့ဘဏ်ရဲ့ စီမံအုပ်ချုပ်မှု ဒါရိုက်တာအဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။ အဲဒီ မတိုင်ခင် ၂၀ဝ၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်းကလည်း အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးတာဝန်ကို ယူခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)