0
954
>>>>>>>>>>>>>>>>>>>>>>>>>>>
သြစတြေးလျ ဘဏ်လုပ်ငန်းတွေကို စစ်ဆေးမယ့် စုံစမ်းမှု စတင်
သြစတြေးလျ ဘဏ်တွေနဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေထဲမှာ မသမာမှုတွေ လုပ်ဆောင်နေတာကို အကြီးအကျယ် စစ်ဆေးမယ့် စုံစမ်းမှု စတင်လိုက်ပြီ ဖြစ်ပါတယ်။
အကျိုးအမြတ် အများဆုံး ရနေတဲ့ သြစတြေးလျ ဘဏ်လုပ်ငန်းတွေဟာ ဖောက်သည်တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်တာ၊ မသမာမှုတွေကို ပူးပေါင်း လုပ်ဆောင်တာတွေ လုပ်နေတယ် ဆိုတာ အပါအဝင် ကိစ္စများစွာကို စွပ်စွဲခံထားရပါတယ်။
ပထမဆုံး စစ်ဆေးကြားနာမှုကို ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မဲလ်ဘုန်းမြို့မှာ စတင်ပါတယ်။ သြစတြေးလျဟာ ကမ္ဘာပေါ်မှာ အားအကောင်းဆုံးနဲ့ အတည်ငြိမ်ဆုံး ဘဏ္ဍာရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်ကြောင်း၊ ဒါပေမယ့် အလွဲသုံးစားလုပ်မှုတွေ ရှိလာလို့ လုပ်ထုံးလုပ်နည်းနဲ့ အစိုးရရဲ့ ထိန်းကွပ်မှုကို မေးခွန်းထုတ်မှုတွေ ရှိလာကြောင်း စုံစမ်းရေး ကော်မရှင်မင်းကြီး ကက်နက် ဟိန်းက ပြောပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)