ေတာ္ဝင္ လက္ထပ္ပြဲ အေသးစိတ္ ထုတ္ေဖာ္

0
997

 

မင္းသား ဟယ္ရီနဲ႔ သတို႔သမီး အေမရိကန္ သ႐ုပ္ေဆာင္ မီဂန္ မာကယ္တို႔ရဲ႕ ေမလ ၁၉ ရက္ေန႔ လက္ထပ္ပြဲ အေသးစိတ္ကို ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဝင္ဆာရဲတိုက္ကို ရထားလံုးနဲ႔ သြားမွာ ျဖစ္တဲ့အတြက္ အမ်ားျပည္သူနဲ႔ ေတြ႔ဆံုခြင့္ရမယ့္ အစီအစဥ္လည္း ပါဝင္ပါတယ္။ ဟယ္ရီနဲ႔ မာကယ္တို႔ဟာ ေန႔လည္ပိုင္းမွာ ၁၅ ရာစုေခတ္က တည္ေဆာက္ခဲ့တဲ့ စိန္႔ေဂ်ာ့ဂ်္ ဘုရားေက်ာင္းမွာ လက္ထပ္ထိမ္းျမားမွာ ျဖစ္ပါတယ္။

ဟယ္ရီရဲ႕ အဘြားျဖစ္သူ ဘုရင္မႀကီး အဲလိဇဘက္က ဝင္ဆာရဲတိုက္ကို သံုးခြင့္ေပးထားၿပီး ကိုယ္တိုင္လည္း တက္ေရာက္ခ်ီးျမွင့္မွာ ျဖစ္ပါတယ္။ ရထားလံုးနဲ႔ အျပင္ကို နည္းနည္း ထြက္လည္ျခင္းအားျဖင့္ ျပည္သူေတြနဲ႔ ပိုၿပီး ထိေတြ႔ခြင့္ရေအာင္လည္း လုပ္မွာ ျဖစ္တယ္လို႔ ကင္းစတန္ နန္းေတာ္က ေၾကညာပါတယ္။

ဟယ္ရီနဲ႔ မာကယ္ကို ကန္တာဘာရီ ဘုန္းေတာ္ႀကီး ဂ်ပ္စတင္ ဝယ္လ္ဘီက လက္ထပ္ေပးမွာ ျဖစ္ပါတယ္။ ရထားလံုးနဲ႔ လွည့္လည္ၿပီး အျပန္ စိန္႔ေဂ်ာ့ဂ်္ ဘုရားေက်ာင္းခန္းမမွာပဲ ဧည့္သည္ေတြကို ဧည့္ခံမွာ ျဖစ္ပါတယ္။ ဟယ္ရီရဲ႕ ခမည္းေတာ္ မင္းသား ခ်ားလ္စ္က ညေနခင္းမွာ သူတို႔စံုတြဲ၊ မိတ္ေဆြေတြနဲ႔ မိသားစုဝင္ေတြကို ဧည့္ခံပြဲ လုပ္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တော်ဝင် လက်ထပ်ပွဲ အသေးစိတ် ထုတ်ဖော်

မင်းသား ဟယ်ရီနဲ့ သတို့သမီး အမေရိကန် သရုပ်ဆောင် မီဂန် မာကယ်တို့ရဲ့ မေလ ၁၉ ရက်နေ့ လက်ထပ်ပွဲ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဝင်ဆာရဲတိုက်ကို ရထားလုံးနဲ့ သွားမှာ ဖြစ်တဲ့အတွက် အများပြည်သူနဲ့ တွေ့ဆုံခွင့်ရမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ ဟယ်ရီနဲ့ မာကယ်တို့ဟာ နေ့လည်ပိုင်းမှာ ၁၅ ရာစုခေတ်က တည်ဆောက်ခဲ့တဲ့ စိန့်ဂျော့ဂျ် ဘုရားကျောင်းမှာ လက်ထပ်ထိမ်းမြားမှာ ဖြစ်ပါတယ်။

ဟယ်ရီရဲ့ အဘွားဖြစ်သူ ဘုရင်မကြီး အဲလိဇဘက်က ဝင်ဆာရဲတိုက်ကို သုံးခွင့်ပေးထားပြီး ကိုယ်တိုင်လည်း တက်ရောက်ချီးမြှင့်မှာ ဖြစ်ပါတယ်။ ရထားလုံးနဲ့ အပြင်ကို နည်းနည်း ထွက်လည်ခြင်းအားဖြင့် ပြည်သူတွေနဲ့ ပိုပြီး ထိတွေ့ခွင့်ရအောင်လည်း လုပ်မှာ ဖြစ်တယ်လို့ ကင်းစတန် နန်းတော်က ကြေညာပါတယ်။

ဟယ်ရီနဲ့ မာကယ်ကို ကန်တာဘာရီ ဘုန်းတော်ကြီး ဂျပ်စတင် ဝယ်လ်ဘီက လက်ထပ်ပေးမှာ ဖြစ်ပါတယ်။ ရထားလုံးနဲ့ လှည့်လည်ပြီး အပြန် စိန့်ဂျော့ဂျ် ဘုရားကျောင်းခန်းမမှာပဲ ဧည့်သည်တွေကို ဧည့်ခံမှာ ဖြစ်ပါတယ်။ ဟယ်ရီရဲ့ ခမည်းတော် မင်းသား ချားလ်စ်က ညနေခင်းမှာ သူတို့စုံတွဲ၊ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို ဧည့်ခံပွဲ လုပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)