
0
950




>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုတိယ ကမ္ဘာစစ် လက်ကျန် ဗုံးတွေတွေ့လို့ လန်ဒန် စီးတီး လေဆိပ် ယာယီ ပိတ်

ဒုတိယ ကမ္ဘာစစ် လက်ကျန် ဗုံးသီး နှစ်လုံးကို လေယာဉ်ပြေးလမ်းအနီး သိမ်းမြစ်ထဲမှာ တွေ့တဲ့အတွက် လန်ဒန် စီးတီး လေဆိပ်ကို မလာကြဖို့ ခရီးသည်တွေကို သတိပေးထားပြီး လေဆိပ်ကို ယာယီ ပိတ်ထားလိုက်ပါတယ်။

ကြီးမားတဲ့ ဗုံးဆံတွေ တွေ့ရှိရာ ၂၁၄ မီတာ ပတ်လည်ကို တားမြစ်နယ်မြေအဖြစ် တော်ဝင်ရေတပ်နဲ့ ရဲတပ်ဖွဲ့က သတ်မှတ်ထားလိုက်ပါတယ်။

အင်ဂျင်နီယာတွေက ဗုံးဆံတွေကို ဖယ်ရှားဖို့ ကြိုးပမ်းနေဆဲမို့ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ အဝင်၊ အထွက် လေယာဉ် ခရီးစဉ်တွေ ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ ခရီးသည်တွေ အနေနဲ့ လက်မှတ်ဝယ်ယူထားတဲ့ လေကြောင်းလိုင်းတွေနဲ့ ဆက်သွယ်ကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)