ဂရင္းကင္ညြန္မွာ ရဟတ္ယာဥ္ ပ်က္က်၊ ၿဗိတိသွ် ၃ ဦး ေသ

0
988

အေမရိကန္ႏိုင္ငံ၊ အရီဇိုးနားျပည္နယ္မွာ ရွိတဲ့ ဂရင္း ကင္ညြန္ ေခ်ာက္ထဲကို ႐ႈခင္းလွည့္လည္ ၾကည့္႐ႈတဲ့ ရဟတ္ယာဥ္ ပ်က္က်သြားလို႔ ၿဗိတိသွ် ႏိုင္ငံသား ၃ ဦး ေသဆံုးသြားပါတယ္။

ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔က ခရီးသည္ ၆ ဦးနဲ႔ ရဟတ္ယာဥ္ေမာင္းတစ္ဦးပါတဲ့ ရဟတ္ယာဥ္ဟာ ဂရင္း ကင္ညြန္ေခ်ာက္ထဲကို ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။

မီးေတာက္ေတြ မီးခိုးေတြ ျမင္ရၿပီး ေပါက္ကြဲသံေတြ ၾကားရတယ္၊ ခရီးသည္ေတြ ထိခုိက္ဒဏ္ရာရတာ ျမင္ေနရတယ္၊ ေၾကာက္စရာ ေကာင္းတယ္လို႔ မ်က္ျမင္ေတြ႔ရွိသူ တစ္ဦးက ေျပာပါတယ္။

ေလျပင္းတိုက္ခတ္တာ၊ ေမွာင္မိုက္တာနဲ႔ ေဝးလံတာေၾကာင့္ ရဟတ္ယာဥ္ ပ်က္က်တဲ့ေနရာကို ခက္ခက္ခဲခဲ သြားခဲ့ရတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။ ကယ္ဆယ္ေရးအဖြဲ႔ေတြဟာ ညၾကည့္ မ်က္မွန္ေတြကို သံုးၿပီး ရွာေဖြခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ဂရင်းကင်ညွန်မှာ ရဟတ်ယာဉ် ပျက်ကျ၊ ဗြိတိသျှ ၃ ဦး သေ

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်မှာ ရှိတဲ့ ဂရင်း ကင်ညွန် ချောက်ထဲကို ရှုခင်းလှည့်လည် ကြည့်ရှုတဲ့ ရဟတ်ယာဉ် ပျက်ကျသွားလို့ ဗြိတိသျှ နိုင်ငံသား ၃ ဦး သေဆုံးသွားပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ခရီးသည် ၆ ဦးနဲ့ ရဟတ်ယာဉ်မောင်းတစ်ဦးပါတဲ့ ရဟတ်ယာဉ်ဟာ ဂရင်း ကင်ညွန်ချောက်ထဲကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

မီးတောက်တွေ မီးခိုးတွေ မြင်ရပြီး ပေါက်ကွဲသံတွေ ကြားရတယ်၊ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာ မြင်နေရတယ်၊ ကြောက်စရာ ကောင်းတယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

လေပြင်းတိုက်ခတ်တာ၊ မှောင်မိုက်တာနဲ့ ဝေးလံတာကြောင့် ရဟတ်ယာဉ် ပျက်ကျတဲ့နေရာကို ခက်ခက်ခဲခဲ သွားခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ညကြည့် မျက်မှန်တွေကို သုံးပြီး ရှာဖွေခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)