ဓားျပတုိက္ခံရတဲ့ ေက်ာက္မ်က္ရတနာေတြကို ျပင္သစ္ ရဲေတြ ျပန္ရယူႏုိင္ခဲ့

0
2097

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕ရွိ ကမာၻေက်ာ္ ရစ္ဇ္ဟုိတယ္ကေန ဓားျပတုိက္ကာ ယူေဆာင္သြားခဲ့တဲ့ ေက်ာက္မ်က္ရတနာ ပစၥည္းေတြကို ျပန္လည္ရယူႏုိင္ခဲ့တယ္လို႔ ျပင္သစ္အာဏာပိုင္ေတြက ေျပာပါတယ္။

ဇန္နဝါရီ ၁၀ ရက္ေန႔မွာ လက္နက္ကိုင္ ဓားျပေတြက ႐ုတ္တရက္ ဝင္ေရာက္စီးနင္းခဲ့ၿပီး ယူ႐ို ၄ သန္းခန္႔ တန္ေၾကးရွိ ေက်ာက္မ်က္ရတနာ ပစၥည္းေတြကို တိုက္ယူသြားခဲ့ပါတယ္။

ဓားျပအဖြဲ႔မွာ အဖြဲ႔ဝင္ ၅ ဦး ပါဝင္ၿပီး ပုဆိန္နဲ႔ ရဲဒင္းေတြကို ကိုင္ေဆာင္ထားကာ ဟုိတယ္ေျမညီထပ္ ျပတင္းေပါက္ေတြကို ႐ိုက္ခြဲခဲ့ၿပီးေနာက္ လက္ဝတ္ရတနာ ပစၥည္းေတြကို ယူေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။  

ေနာက္ပိုင္းမွာ လံုၿခံဳေရး တပ္ဖြဲ႔ေတြနဲ႔ ဓားျပအဖြဲ႔ေတြ တုိက္ခုိက္မႈျဖစ္ခဲ့ၿပီး ဓားျပအဖြဲ႔ဝင္ ၃ ဦးကို ဖမ္းမိခဲ့ကာ တုိက္ယူထားတဲ့ ပစၥည္းေတြကို ရယူႏုိင္ခဲ့ေပမယ့္ ႏွစ္ဦးကေတာ့ လြတ္ေျမာက္သြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဓားပြတိုက်ခံရတဲ့ ကျောက်မျက်ရတနာတွေကို ပြင်သစ် ရဲတွေ ပြန်ရယူနိုင်ခဲ့

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကမ္ဘာကျော် ရစ်ဇ်ဟိုတယ်ကနေ ဓားပြတိုက်ကာ ယူဆောင်သွားခဲ့တဲ့ ကျောက်မျက်ရတနာ ပစ္စည်းတွေကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့မှာ လက်နက်ကိုင် ဓားပြတွေက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ပြီး ယူရို ၄ သန်းခန့် တန်ကြေးရှိ ကျောက်မျက်ရတနာ ပစ္စည်းတွေကို တိုက်ယူသွားခဲ့ပါတယ်။

ဓားပြအဖွဲ့မှာ အဖွဲ့ဝင် ၅ ဦး ပါဝင်ပြီး ပုဆိန်နဲ့ ရဲဒင်းတွေကို ကိုင်ဆောင်ထားကာ ဟိုတယ်မြေညီထပ် ပြတင်းပေါက်တွေကို ရိုက်ခွဲခဲ့ပြီးနောက် လက်ဝတ်ရတနာ ပစ္စည်းတွေကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဓားပြအဖွဲ့တွေ တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ဓားပြအဖွဲ့ဝင် ၃ ဦးကို ဖမ်းမိခဲ့ကာ တိုက်ယူထားတဲ့ ပစ္စည်းတွေကို ရယူနိုင်ခဲ့ပေမယ့် နှစ်ဦးကတော့ လွတ်မြောက်သွားပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)