အမ်ိဳးသမီးေတြအတြက္ ေဆာ္ဒီမွာ ပထမဆံုး ကား Showroom ဖြင့္လွစ္

0
2081

ေဆာ္ဒီအာေရဗ်ႏိုင္ငံမွာ ၿပီးခဲ့တဲ့လပုိင္းက အမ်ိဳးသမီးေတြကို ကားေမာင္းခြင့္ ေပးလုိက္ၿပီးတဲ့ေနာက္ ဂ်က္ဒက္ၿမိဳ႕မွာ မေန႔ ဇန္န၀ါရီလ ၁၁ ရက္ေန႔က အမ်ိဳးသမီးေတြအတြက္ ရည္ရြယ္ၿပီး အမ်ိဳးသမီး ဝန္ထမ္းေတြသာ ခန္႔ထားတဲ့ ကား Showroom တစ္ခုကို ဖြင့္လွစ္ခဲ့ပါတယ္။

အမ်ိဳးသမီးေတြကို မြတ္စလင္ အစဥ္အလာအရ ကားေမာင္းခြင့္ ပိတ္ပင္ထားခဲ့မႈကို ေဆာ္ဒီ ဘုရင္က ပယ္ဖ်က္ေပးခဲ့တာ ျဖစ္ပါတယ္။ ေဆာ္ဒီအာေရဗ်ဟာ အမ်ိဳးသမီးေတြကုိ ကားေမာင္း ခြင့္ပိတ္ပင္ထားတဲ့ တစ္ခုတည္းေသာ ႏုိင္ငံလည္း ျဖစ္ပါတယ္။

မၾကာေတာ့မယ့္ အခ်ိန္မွာ အမ်ိဳးသမီး ယာဥ္ေမာင္းလုိင္စင္ေတြကိုပါ ထုတ္လုပ္ေပးသြားမွာ ျဖစ္ၿပီး လာမယ့္ ဇြန္လမွာ အမ်ိဳးသမီးေတြကို ဆိုင္ကယ္စီးနင္းခြင့္ပါ ေပးေတာ့မယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ ၁၉၉၀ ျပည့္ႏွစ္တုန္းက ကားေမာင္းခြင့္ ရရွိဖုိ႔အတြက္ Driving campaign လႈပ္ရွားျပဳလုပ္ခဲ့သူေတြကို ဖမ္းဆီးခဲ့ၿပီး ႏွစ္ ၃၀ အၾကာမွာ အခုလုိ ကားေမာင္းခြင့္အျပင္ အားကစားပြဲေတြ ၾကည့္ခြင့္ကိုပါ ေဆာ္ဒီဘုရင္က ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။
……………… ။ ။ …………….

အမျိုးသမီးတွေအတွက် ဆော်ဒီမှာ ပထမဆုံး ကား Showroom ဖွင့်လှစ်

ဆော်ဒီအာရေဗျနိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းက အမျိုးသမီးတွေကို ကားမောင်းခွင့် ပေးလိုက်ပြီးတဲ့နောက် ဂျက်ဒက်မြို့မှာ မနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့က အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး အမျိုးသမီး ဝန်ထမ်းတွေသာ ခန့်ထားတဲ့ ကား Showroom တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

အမျိုးသမီးတွေကို မွတ်စလင် အစဉ်အလာအရ ကားမောင်းခွင့် ပိတ်ပင်ထားခဲ့မှုကို ဆော်ဒီ ဘုရင်က ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျဟာ အမျိုးသမီးတွေကို ကားမောင်း ခွင့်ပိတ်ပင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။

မကြာတော့မယ့် အချိန်မှာ အမျိုးသမီး ယာဉ်မောင်းလိုင်စင်တွေကိုပါ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး လာမယ့် ဇွန်လမှာ အမျိုးသမီးတွေကို ဆိုင်ကယ်စီးနင်းခွင့်ပါ ပေးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ၁၉၉၀ ပြည့်နှစ်တုန်းက ကားမောင်းခွင့် ရရှိဖို့အတွက် Driving campaign လှုပ်ရှားပြုလုပ်ခဲ့သူတွေကို ဖမ်းဆီးခဲ့ပြီး နှစ် ၃၀ အကြာမှာ အခုလို ကားမောင်းခွင့်အပြင် အားကစားပွဲတွေ ကြည့်ခွင့်ကိုပါ ဆော်ဒီဘုရင်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)