ၾကက္ငွက္တုပ္ေကြးရန္ေၾကာင့္ ဂ်ပန္မွာ ၾကက္အေကာင္ေရ ၁ သိန္းနီးပါး သုတ္သင္

0
2029

ၾကက္ငွက္တုပ္ေကြး ျဖစ္ႏုိင္တဲ့ ဗုိင္းရပ္စ္ကို ေတြ႔ရွိၿပီးေနာက္ ဂ်ပန္ႏုိင္ငံ အေနာက္ပိုင္း ကာဂါဝါ စီရင္စုမွာ ၾကက္အေကာင္ေရ ၁ သိန္းနီးပါးကို သုတ္သင္ခဲ့ပါတယ္။

ၾကက္ၿခံတစ္ခုအတြင္း တုပ္ေကြး ျဖစ္ေစႏုိင္တဲ့ ဗိုင္းရပ္စ္ကို ေတြ႔ရွိခဲ့သလို အခု သီတင္းပတ္အတြင္းမွာလည္း ၾကက္ငွက္တုပ္ေကြး ျဖစ္ပြားမႈေတြ ရွိေနတာေၾကာင့္ ၾကက္ေတြကို သုတ္သင္ခဲ့တာ ျဖစ္ပါတယ္။ အခု သုတ္သင္မႈက ေဆာင္းရာသီ ေရာက္ခ်ိန္အတြင္း ဂ်ပန္ႏုိင္ငံမွာ ပထမဆံုးအႀကိမ္ ျဖစ္ပါတယ္။

ဂ်ပန္အစိုးရဟာ ၾကက္တုပ္ေကြး ပ်ံ႔ႏွံမႈကို တားဆီးႏုိင္ဖုိ႔ အေရးေပၚ အစည္းအေဝးေခၚကာ ေဆြးေႏြးခဲ့ရပါတယ္။ ဂ်ပန္ႏိုင္ငံမွာ ၂၀၁၆ ခုႏွစ္ ႏုိဝင္ဘာလကေန ၂၀၁၇ ခုႏွစ္ မတ္အတြင္း ၾကက္ငွက္တုပ္ေကြး ေရာဂါပ်ံ႔ႏွံ႔မွာ စိုးရိမ္တာေၾကာင့္ ၾကက္အေကာင္ေရ ၂ သန္းနီးပါး သုတ္သင္ခဲ့ဖူးပါတယ္။
……………….. ။ ။ ………………..

ကြက်ငှက်တုပ်ကွေးရန်ကြောင့် ဂျပန်မှာ ကြက်အကောင်ရေ ၁ သိန်းနီးပါး သုတ်သင်

ကြက်ငှက်တုပ်ကွေး ဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်ကို တွေ့ရှိပြီးနောက် ဂျပန်နိုင်ငံ အနောက်ပိုင်း ကာဂါဝါ စီရင်စုမှာ ကြက်အကောင်ရေ ၁ သိန်းနီးပါးကို သုတ်သင်ခဲ့ပါတယ်။

ကြက်ခြံတစ်ခုအတွင်း တုပ်ကွေး ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့သလို အခု သီတင်းပတ်အတွင်းမှာလည်း ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုတွေ ရှိနေတာကြောင့် ကြက်တွေကို သုတ်သင်ခဲ့တာ ဖြစ်ပါတယ်။ အခု သုတ်သင်မှုက ဆောင်းရာသီ ရောက်ချိန်အတွင်း ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ ကြက်တုပ်ကွေး ပျံ့နှံမှုကို တားဆီးနိုင်ဖို့ အရေးပေါ် အစည်းအဝေးခေါ်ကာ ဆွေးနွေးခဲ့ရပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၇ ခုနှစ် မတ်အတွင်း ကြက်ငှက်တုပ်ကွေး ရောဂါပျံ့နှံ့မှာ စိုးရိမ်တာကြောင့် ကြက်အကောင်ရေ ၂ သန်းနီးပါး သုတ်သင်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)