အီရန္ကို အေမရိကန္ ပိတ္ဆုိ႔မႈအသစ္ေတြ ထပ္မံခ်မွတ္မယ္

0
2044

အေမရိကန္ ဘ႑ေရးဝန္ႀကီး စတီဗင္ မႏုခ်င္းက သမၼတ ေဒၚနယ္ထရမ့္ဟာ အီရန္ႏိုင္ငံအေပၚ ပိတ္ဆို႔မႈအသစ္ေတြ ထပ္မံခ်မွတ္သြားဖြယ္ရွိတယ္လို႔ ေျပာလိုက္ပါတယ္။   

အီရန္နဲ႔ ကမာ႔ၻအင္အားႀကီး ႏုိင္ငံေတြၾကား ခ်ဳပ္ဆုိခဲ့တဲ့ ၂၀၁၅ ခုႏွစ္ သေဘာတူညီမႈနဲ႔ ပတ္သက္လို႔ တျခား အဓိကက်တဲ့ ပိတ္ဆုိ႔မႈ ခ်မွတ္လို႔ ရ၊ မရ ဆုိတဲ့အခ်က္ကို အေမရိကန္ သမၼတက စဥ္စားေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။  

ဥေရာပ အင္အားႀကီး ႏုိင္ငံေတြကလည္း အေမရိကန္ သမၼတ အေနနဲ႔ အီရန္နဲ႔ သေဘာတူညီမႈကို ဆက္လက္ ထိန္းထားဖုိ႔နဲ႔ အဲဒီစာခ်ဳပ္က ႏုိင္ငံတကာ လံုၿခံဳေရးအတြက္ အေရးႀကီးတယ္လို႔ တုိက္တြန္းထားပါတယ္။

အေမရိကန္ သမၼတက အီရန္နဲ႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္ဟာ ႏ်ဴကလီယား ထုတ္လုပ္မႈနဲ႔ ပတ္သက္လို႔   ကန္႔သတ္ႏိုင္ဖုိ႔  လုပ္ေဆာင္ထားတယ္လို႔ ယူဆထားၿပီး အီရန္အေပၚ ျပစ္တင္ေဝဖန္မႈေတြ လုပ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန်ကို အမေရိကန် ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်မယ်

အမေရိကန် ဘဏ္ဍရေးဝန်ကြီး စတီဗင် မနုချင်းက သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်သွားဖွယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။

အီရန်နဲ့ ကမာ့္ဘအင်အားကြီး နိုင်ငံတွေကြား ချုပ်ဆိုခဲ့တဲ့ ၂၀၁၅ ခုနှစ် သဘောတူညီမှုနဲ့ ပတ်သက်လို့ တခြား အဓိကကျတဲ့ ပိတ်ဆို့မှု ချမှတ်လို့ ရ၊ မရ ဆိုတဲ့အချက်ကို အမေရိကန် သမ္မတက စဉ်စားနေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ဥရောပ အင်အားကြီး နိုင်ငံတွေကလည်း အမေရိကန် သမ္မတ အနေနဲ့ အီရန်နဲ့ သဘောတူညီမှုကို ဆက်လက် ထိန်းထားဖို့နဲ့ အဲဒီစာချုပ်က နိုင်ငံတကာ လုံခြုံရေးအတွက် အရေးကြီးတယ်လို့ တိုက်တွန်းထားပါတယ်။

အမေရိကန် သမ္မတက အီရန်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နျူကလီယား ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ကန့်သတ်နိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ ယူဆထားပြီး အီရန်အပေါ် ပြစ်တင်ဝေဖန်မှုတွေ လုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)