အေမရိကန္က ဥကၠ႒ တာဝန္ယူမယ့္ အစည္းအေဝးကို တ႐ုတ္ မတက္ေရာက္

0
2057

အေမရိကန္က ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္ရြက္မယ့္ ေျမာက္ကိုရီးယား ျပႆနာနဲ႔ ပတ္သက္တဲ့ ႏုိင္ငံတကာ အစည္းအေဝးကို တက္ေရာက္မွာ မဟုတ္ဘူးလို႔ တ႐ုတ္ႏိုင္ငံက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူက တ႐ုတ္ႏုိင္ငံဟာ အစည္းအေဝးကို တက္ေရာက္မွာ မဟုတ္ေၾကာင္း၊ စစ္ေအးေခတ္ အေတြးအေခၚေတြက ႏုိင္ငံတကာ အဖြဲ႔အစည္းရဲ႕ အဖြဲ႔ဝင္ႏုိင္ငံေတြၾကား သေဘာမတူညီမႈေတြသာ ဦးတည္ေစမွာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

ဒါ့အျပင္ ေျမာက္ကိုရီးယားကၽြန္းဆြယ္ရဲ႕ ႏ်ဴကလီယား ျပႆနာကို ေျဖရွင္းဖုိ႔ ပူးေပါင္း အားထုတ္ရမွာ ျဖစ္တယ္လို႔ တ႐ုတ္ႏုိင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူက ေျပာပါတယ္။

အေမရိကန္ – ကေနဒါ ဦးေဆာင္တဲ့ အစည္းအေဝးကို ဇန္န၀ါရီလ ၁၆ ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ထားၿပီး အဲဒီ အစည္းအေဝးကို  ကမာၻတဝန္းက အဖြဲ႔အစည္းေတြ၊ ကုိယ္စားလွယ္ေတြ တက္ေရာက္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်က ဥက္ကဋ္ဌ တာဝန်ယူမယ့် အစည်းအဝေးကို တရုတ် မတက်ရောက်

အမေရိကန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မယ့် မြောက်ကိုရီးယား ပြဿနာနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံဟာ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း၊ စစ်အေးခေတ် အတွေးအခေါ်တွေက နိုင်ငံတကာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောမတူညီမှုတွေသာ ဦးတည်စေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားကျွန်းဆွယ်ရဲ့ နျူကလီယား ပြဿနာကို ဖြေရှင်းဖို့ ပူးပေါင်း အားထုတ်ရမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန် – ကနေဒါ ဦးဆောင်တဲ့ အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး အဲဒီ အစည်းအဝေးကို ကမ္ဘာတဝန်းက အဖွဲ့အစည်းတွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)