
0
2148




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆန်ချက်ဇ်ကို ခေါ်ယူဖို့ မန်စီးတီးနဲ့ အပြိုင် မန်ယူ ကြိုးပမ်းလာ

မန်ယူအသင်းဟာ မြိုခံပြိုင်ဘက် မန်စီးတီး အသင်းနဲ့အပြိုင် အာဆင်နယ်တိုက်စစ်မှူး ဆန်ချက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

မန်ယူအသင်းဟာ ဆန်ချက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက် ကစားသမား ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်နေပါတယ်။ ဆန်ချက်ဇ်ဟာ အာဆင်နယ်နဲ့ ရာသီကုန်ချိန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်သစ် လက်မှတ်မထိုးသေးတာကြောင့် မန်စီးတီးက ခေါ်ယူဖို့ စီစဉ်မှုတွေ ရှိနေခဲ့ပါတယ်။

မန်စီးတီးဟာ ဆန်ချက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၁၃ သန်းပေးကာ ခေါ်ယူဖို့ ကမ်းလှမ်းထားချိန်မှာ မန်ယူက အဲဒီပမာဏထက် ၅ သန်းပိုပေးပြီး ခေါ်ယူနိုင်ဖို့ စီစဉ်နေတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)