
0
337




အိမ်ရှေ့စံ မင်းသား နာရူဟီတို ဂျပန်ဘုရင်သစ်ဖြစ်လာ


ဂျပန်ဧကရာဇ် ဘုရင်ကြီး ထီးနန်းစွန့်လွှတ်ပြီး တစ်ရက်အကြာမှာပဲ သားတော်ဖြစ်သူ အိမ်ရှေ့စံမင်းသား နာရူဟီတိုက ဂျပန်ထီးနန်းအရိုက်အရာကို ဆက်ခံပြီး ဂျပန်ဘုရင်သစ် ဖြစ်လာခဲ့ပါတယ်။


အသက် ၈၅ နှစ်အရွယ်ရှိ ဂျပန်ဘုရင်ကြီး အာခီဟီတိုဟာ အသက်အရွယ် ကြီးရင့်နေတဲ့အပြင် ကျန်းမာရေး မကောင်းတာကြောင့် ဂျပန်ဘုရင်အရိုက်အရာကို စွန့်လွှတ်ခဲ့ပါတယ်။ ဂျပန်ဘုရင်တွေဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သတ်မှုမရှိဘဲ တော်ဝင်မိသားစုအဖြစ် နိုင်ငံရဲ့ ပုံရိပ်သာ ဖြစ်ကြပါတယ်။


အသက် ၅၄ နှစ်အရွယ်ရှိ ဂျပန်ဘုရင်သစ် နာရူဟီတိုဟာ ဂျပန်နိုင်ငံ သမိုင်းတစ်လျှောက်မှာ ၁၂၆ ဦးမြောက် ဘုရင်ဖြစ်လာပါတယ်။ ဘုရင်သစ်ဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ ပညာသင်ကြားခဲ့သူ ဖြစ်ပါတယ်။ နာရူဟီတိုဟာ အသက် ၂၈ နှစ် အရွယ်တည်းက ဂျပန်ထီးနန်းရဲ့ အိမ်ရှေ့မင်းသား ဖြစ်ခဲ့ပါတယ်။