မိန္းကေလးငယ္ကို ၁၆ ႏွစ္ၾကာ အဓမၼခိုင္းေစတဲ့ အေမရိကန္ စံုတြဲ ေထာင္က်

0
468

အေမရိကန္ႏိုင္ငံကို အေနာက္အာဖရိက ကေန အသက္ ငါးႏွစ္ အရြယ္မွာ ေရာက္လာတဲ့ မိန္းကေလးငယ္ဟာ မၾကာခင္မွာ တကၠဆက္ျပည္နယ္က လင္မယားရဲ႕ ေစာင့္ေရွာက္မႈေအာက္ကို ေရာက္ရွိခဲ့ပါတယ္။

ဒါေပမယ့္ သူဟာ ခ်က္ျပဳတ္တာ၊ သန္႔ရွင္းေရး လုပ္ၾကတာ၊ ျမက္ရိတ္ရတာေတြ လုပ္ခဲ့ရၿပီး ႏွိပ္စက္တာ၊ လ်စ္လ်ဴ႐ႈတာကို ၁၆ ႏွစ္ၾကာ ခံရၿပီးေနာက္ ထြက္ေျပးလြတ္ေျမာက္ခဲ့ပါတယ္။ အဲဒီေနာက္ သူ႔ကို ေစာင့္ေရွာက္ဖို႔ တာဝန္ရွိခဲ့တဲ့ မုိဟာမက္ တိုရီ (၅၈ ႏွစ္) နဲ႔ ဒင္းႏိုက္စ္ ခ႐ို-တိုရီ (၅၈ ႏွစ္) တို႔ကို အဓမၼေစခိုင္းမႈ၊ ႏိုင္ငံျခားသားကို တရားမဝင္ လက္ခံထားရွိမႈေတြနဲ႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ တရားစြဲခဲ့ပါတယ္။

သူတို႔ စံုတြဲကို ေထာင္ဒဏ္ ခုနႏွစ္နဲ႔ အေမရိကန္ေဒၚလာ ၃ သိန္း ေလ်ာ္ေၾကးေပးဖို႔ မေန႔ ဧၿပီလ ၂၂ ရက္ေန႔မွာ အမိန္႔ခ်မွတ္လိုက္ပါတယ္။ တိုရီတို႔ စံုတြဲဟာ ဂီနီႏိုင္ငံကျဖစ္ၿပီး အေမရိကန္မွာ အၿမဲတမ္း ေနထိုင္ခြင့္ ရထားေပမယ့္ အဲဒီ အခြင့္အေရးကိုလည္း လက္လႊတ္ကာ ျပည္ႏွင္ဒဏ္ ေပးခံရမွာ ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိန်းကလေးငယ်ကို ၁၆ နှစ်ကြာ အဓမ္မခိုင်းစေတဲ့ အမေရိကန် စုံတွဲ ထောင်ကျ

အမေရိကန်နိုင်ငံကို အနောက်အာဖရိက ကနေ အသက် ငါးနှစ် အရွယ်မှာ ရောက်လာတဲ့ မိန်းကလေးငယ်ဟာ မကြာခင်မှာ တက္ကဆက်ပြည်နယ်က လင်မယားရဲ့ စောင့်ရှောက်မှုအောက်ကို ရောက်ရှိခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ချက်ပြုတ်တာ၊ သန့်ရှင်းရေး လုပ်ကြတာ၊ မြက်ရိတ်ရတာတွေ လုပ်ခဲ့ရပြီး နှိပ်စက်တာ၊ လျစ်လျူရှုတာကို ၁၆ နှစ်ကြာ ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် သူ့ကို စောင့်ရှောက်ဖို့ တာဝန်ရှိခဲ့တဲ့ မိုဟာမက် တိုရီ (၅၈ နှစ်) နဲ့ ဒင်းနိုက်စ် ခရို-တိုရီ (၅၈ နှစ်) တို့ကို အဓမ္မစေခိုင်းမှု၊ နိုင်ငံခြားသားကို တရားမဝင် လက်ခံထားရှိမှုတွေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တရားစွဲခဲ့ပါတယ်။

သူတို့ စုံတွဲကို ထောင်ဒဏ် ခုနနှစ်နဲ့ အမေရိကန်ဒေါ်လာ ၃ သိန်း လျော်ကြေးပေးဖို့ မနေ့ ဧပြီလ ၂၂ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ တိုရီတို့ စုံတွဲဟာ ဂီနီနိုင်ငံကဖြစ်ပြီး အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် ရထားပေမယ့် အဲဒီ အခွင့်အရေးကိုလည်း လက်လွှတ်ကာ ပြည်နှင်ဒဏ် ပေးခံရမှာ ဖြစ်ပါတယ်။