
0
361




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေကို လွှတ်ပေးဖို့ တရုတ်အလုပ်သမားတွေ တောင်းဆို

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဖမ်းဆီးထားတဲ့ ထင်ရှားတဲ့အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ သုံးဦးကို လွှတ်ပေးဖို့ လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ ရောဂါခံစားနေရသူ အလုပ်သမား ၁၀ဝ ခန့်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

အလုပ်သမား အခွင့်အရေး သတင်းဝက်ဘ်ဆိုဒ်ဖြစ်တဲ့ iLabour ရဲ့ အယ်ဒီတာတွေ ဖြစ်တဲ့ ဝေဂျန်လီနဲ့ ကီ ချန်ဘင်တို့ကို ပြီးခဲ့တဲ့လက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အယ်ဒီတာချုပ် ယန် ဂျင်ကျန်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။

အယ်ဒီတာတွေမှာ အပြစ်မရှိကြောင်း၊ သူတို့ဟာ ဂရုဏာထားတတ်တဲ့အတွက် အစိုးရရဲ့ ဖိအားပေးခြင်းကို ခံရတာ ဖြစ်တယ်လို့ လွှတ်ပေးရေး တောင်းဆိုချက်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ ဂူ ဖူကျင်းက ပြောပါတယ်။