ဂ်ပန္ တိုက္ေလယာဥ္ ပင္လယ္ထဲ ပ်က္က်

0
432

ေပ်ာက္ဆံုးသြားတဲ့ F-35 ဂ်က္တိုက္ေလယာဥ္ဟာ ပင္လယ္ထဲကို ပ်က္က်ခဲ့တာ ျဖစ္တယ္လို႔ ဂ်ပန္ ကိုယ္ပိုင္ ကာကြယ္ေရးတပ္ဖြဲ႔က ဒီေန႔ ဧၿပီလ ၁၀ ရက္ေန႔မွာ အတည္ျပဳပါတယ္။

ပ်က္စီးေနတဲ့ ေလယာဥ္အၿမီးပိုင္းကို မေန႔ညက ပင္လယ္ထဲမွာ ရွာေဖြ ေတြ႔ရွိခဲ့ၿပီး ဂ်ပန္ ေလတပ္က ေကာက္ခ်က္ခ်ခဲ့ပါတယ္။ ပ်က္က်ရတဲ့အေၾကာင္းရင္းကို မသိရေသးဘဲ ေလယာဥ္မွဴးကိုလည္း ရွာမေတြ႔ေသးပါဘူး။

ဂ်ပန္ ကမ္းေျခေစာင့္ တပ္ဖြဲ႔က သေဘၤာေတြနဲ႔ ရွာေဖြေရးေတြ ဆက္လက္ လုပ္ေဆာင္ေနပါတယ္။ ဂ်က္တိုက္ေလယာဥ္ဟာ ဂ်ပန္ႏိုင္ငံ အေရွ႕ပိုင္း ပစိဖိတ္သမုဒၵရာေပၚမွာ ေလက်င့္ ပ်ံသန္းစဥ္ ေရဒါကေန ေပ်ာက္သြားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန် တိုက်လေယာဉ် ပင်လယ်ထဲ ပျက်ကျ

ပျောက်ဆုံးသွားတဲ့ F-35 ဂျက်တိုက်လေယာဉ်ဟာ ပင်လယ်ထဲကို ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ဧပြီလ ၁၀ ရက်နေ့မှာ အတည်ပြုပါတယ်။

ပျက်စီးနေတဲ့ လေယာဉ်အမြီးပိုင်းကို မနေ့ညက ပင်လယ်ထဲမှာ ရှာဖွေ တွေ့ရှိခဲ့ပြီး ဂျပန် လေတပ်က ကောက်ချက်ချခဲ့ပါတယ်။ ပျက်ကျရတဲ့အကြောင်းရင်းကို မသိရသေးဘဲ လေယာဉ်မှူးကိုလည်း ရှာမတွေ့သေးပါဘူး။

ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က သင်္ဘောတွေနဲ့ ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ဂျက်တိုက်လေယာဉ်ဟာ ဂျပန်နိုင်ငံ အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာပေါ်မှာ လေကျင့် ပျံသန်းစဉ် ရေဒါကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။