
0
396





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွတ်စလင်တွေ လမ်းပေါ်ထွက် ဝတ်ပြုတာကို ပြင်သစ် နိုင်ငံရေးသမားတွေ ဆန္ဒပြ

သောကြာနေ့တိုင်း အများပြည်သူ သွားလာနေတဲ့ လမ်းတွေပေါ်ထွက်ပြီး မွတ်စလင်တွေ ဝတ်ပြုမှုကို ပြင်သစ်နိုင်ငံရေးသမား ၁၀ဝ ခန့်က ပါရီမြို့မှာ ဆန္ဒပြတဲ့ အနေနဲ့ ချီတက်ခဲ့ကြပါတယ်။

မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့ ဆန္ဒပြချီတက်မှုမှာ နိုင်ငံရေးသမားတွေက နိုင်ငံတော် သီချင်းကို သီဆိုခဲ့ပြီး ချီတက်လာရာမှာ ကလီရှီရှိ လမ်းပေါ်ထွက် ဝတ်ပြုနေတဲ့ မွတ်စလင်တွေနဲ့ ထိပ်တိုက်တိုးခဲ့ပါတယ်။ ရဲက အုပ်စုနှစ်ခုကို ခွဲခြားထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။

အများပြည်သူသုံးတဲံ နေရာတွေဖြစ်တဲ့ လမ်းတွေမှာထွက်ပြီး မွတ်စလင်တွေ ဝတ်ပြုနေတာဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

မြို့တော်ခန်းမမှာ ရှိတဲ့ သူတို့ရဲ့ ဝတ်ပြုခန်းကို ပြီးခဲ့တဲ့ မတ်လမှာ ပြန်သိမ်းယူသွားလို့ သူတို့ ဝတ်ပြုဖို့ နေရာမရှိဘူးလို့ မွတ်စလင်တွေက တုံ့ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)