
0
343





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IS အစ္စလာမ် အကြမ်းဖက် ခေါင်းဆောင် ဘာဂါဒီကို မိပြီလို့ ဆို

ဆီးရီးယားနိုင်ငံ၊ အဘူ ကမယ်လ်မြို့မှာ ဆီးရီးယား စစ်တပ်နဲ့ မဟာမိတ် တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းစဉ် IS အစ္စလာမ် အစွန်းရောက် အကြမ်းဖက် ခေါင်းဆောင် အဘူ ဘာကာ အယ်လ် ဘာဂါဒီကို ဖမ်းမိခဲ့ပါတယ်။
ဘာဂါဒီကို ဖမ်းမိသွားပြီးလို့ ဟစ်ဇဘိုလာတွေ ထိန်းချုပ်တဲ့ မီဒီယာက ဖော်ပြပေမယ့် ဆီးရီးယားနဲ့ မဟာမိတ် တပ်ဖွဲ့တွေက ဘာဂါဒီကို ဘာလုပ်လိုက်သလဲ၊ ဒါမှမဟုတ် ဘယ်လို ထိန်းသိမ်းထားသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိကြပါဘူး။

IS အကြမ်းဖက် အဖွဲ့ကို နှိမ်နင်းနေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့က ဘာဂါဒီကို ဘယ်မှာ ထားသလဲဆိုတာကို ထုတ်ဖော်ပြောဆိုခွင့် မရှိဘူးလို့ မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဘာဂါဒီ ဘယ်မှာလဲဆိုတာ အငြင်းပွားနေကြသလို ဘာဂါဒီ အသက်ရှင်လျက် ရှိ၊ မရှိဆိုတာလည်း မသေချာတဲ့ ကိစ္စ ဖြစ်နေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)