လက္ေမာင္းႀကီးခ်င္လို႔ ေဆးထိုးတဲ့လူငယ္ ဓာတုဆိုးက်ိဳးဒဏ္ ခံစားေနရ

0
353

႐ုရွားႏုိင္ငံ၊ စတာဗ႐ိုလို ကရီေဒသ အေနာက္ေတာင္ပိုင္း၊ ပရာတီေဂါ့စ္ၿမိဳ႕မွာ ေနထုိင္တဲ့ အသက္ ၂၁ အရြယ္ အမ်ိဳးသား ကီရီ တယ္ရီရွင္ဟာ သူ႔လက္ေမာင္း ၾကြက္သား ပိုမိုႀကီးမားလာတဲ့ ပုံေတြကို ဆုိရွယ္မီဒီယာေပၚ တင္ခဲ့ပါတယ္။

သူ႔ရဲ့ လက္ေမာင္း ၾကြက္သားေတြဟာ အားကစားလုပ္လို႔ ႀကီးလာတာ မဟုတ္ဘဲ စင္သိုလ္ ဆိုတဲ့ ေဆးတစ္မ်ိဳးကို လက္ေမာင္းရင္းထဲကို ထုိးသြင္းခဲ့လို႔ ျဖစ္ပါတယ္။ အားစကားမလုပ္ဘဲ ကာလဗလ လွပသူအျဖစ္ ၾကြားဝါလုိတဲ့အတြက္ ၂၅၀ ml ပါတဲ့ ေဆးကို ထိုးသြင္းခဲ့တာျဖစ္ကာ လက္ေမာင္း အဆမတန္ ႀကီးထြားလာေပမယ့္ ေနာက္ဆက္တြဲ ဓာတုဆိုးက်ိဳးကို ခံစားေနရပါတယ္။

အဲဒီေဆးဟာ ၾကြက္သားထဲကို ထိုးသြင္းမယ္ဆိုရင္ ႀကီးထြားလာေစတာျဖစ္ၿပီး အဲ့ဒီေဆးကို ကာယဗလသမားေတြသာ တစ္ခါတစ္ရံ အသံုးျပဳၾကပါတယ္။

အဲ့ဒီေဆးဟာ အဆုတ္၊ အသက္႐ူလမ္းေၾကာင္း ဆိုင္ရာနဲ႔ အာ႐ံုေၾကာပ်က္စီးတာ၊ ႐ုတ္တရက္ ေသြးခဲပိတ္တတ္တာ၊ ၾကြက္သားအတြင္းမွာ အနာျဖစ္ေစတာေတြ ဆိုးက်ိဳး ျဖစ္ေပၚႏိုင္တယ္လို႔ ဆရာဝန္က ေျပာၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်မောင်းကြီးချင်လို့ ဆေးထိုးတဲ့လူငယ် ဓာတုဆိုးကျိုးဒဏ် ခံစားနေရ

ရုရှားနိုင်ငံ၊ စတာဗရိုလို ကရီဒေသ အနောက်တောင်ပိုင်း၊ ပရာတီဂေါ့စ်မြို့မှာ နေထိုင်တဲ့ အသက် ၂၁ အရွယ် အမျိုးသား ကီရီ တယ်ရီရှင်ဟာ သူ့လက်မောင်း ကြွက်သား ပိုမိုကြီးမားလာတဲ့ ပုံတွေကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။

သူ့ရဲ့ လက်မောင်း ကြွက်သားတွေဟာ အားကစားလုပ်လို့ ကြီးလာတာ မဟုတ်ဘဲ စင်သိုလ် ဆိုတဲ့ ဆေးတစ်မျိုးကို လက်မောင်းရင်းထဲကို ထိုးသွင်းခဲ့လို့ ဖြစ်ပါတယ်။ အားစကားမလုပ်ဘဲ ကာလဗလ လှပသူအဖြစ် ကြွားဝါလိုတဲ့အတွက် ၂၅၀ ml ပါတဲ့ ဆေးကို ထိုးသွင်းခဲ့တာဖြစ်ကာ လက်မောင်း အဆမတန် ကြီးထွားလာပေမယ့် နောက်ဆက်တွဲ ဓာတုဆိုးကျိုးကို ခံစားနေရပါတယ်။

အဲဒီဆေးဟာ ကြွက်သားထဲကို ထိုးသွင်းမယ်ဆိုရင် ကြီးထွားလာစေတာဖြစ်ပြီး အဲ့ဒီဆေးကို ကာယဗလသမားတွေသာ တစ်ခါတစ်ရံ အသုံးပြုကြပါတယ်။

အဲ့ဒီဆေးဟာ အဆုတ်၊ အသက်ရူလမ်းကြောင်း ဆိုင်ရာနဲ့ အာရုံကြောပျက်စီးတာ၊ ရုတ်တရက် သွေးခဲပိတ်တတ်တာ၊ ကြွက်သားအတွင်းမှာ အနာဖြစ်စေတာတွေ ဆိုးကျိုး ဖြစ်ပေါ်နိုင်တယ်လို့ ဆရာဝန်က ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)