ႏွစ္ႏိုင္ငံသား ခံယူထားလို႔ ၾသေၾတးလ် လႊတ္ေတာ္ အမတ္ ႏုတ္ထြက္

0
311

ၾသစေၾတးလ် လႊတ္ေတာ္ အမတ္တစ္ဦးဟာ ႏွစ္ႏိုင္ငံသား ခံယူထားသူျဖစ္လို႔ ဒီေန႔ ႏိုဝင္ဘာ ၁၁ ရက္ေန႔မွာ ထပ္မံ ႏုတ္ထြက္သြားေပမယ့္ ၾကားျဖတ္ ေရြးေကာက္ပြဲ ေခၚမွာ မဟုတ္ဘူးလို႔ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ မယ္လ္ကြန္ တန္ဘူးလ္က ေျပာပါတယ္။

ႏွစ္ႏိုင္ငံသား ခံယူမႈ ျပႆနာေၾကာင့္ ၾသစေၾတးလ် အစိုးရအဖြဲ႔နဲ႔ လႊတ္ေတာ္ထဲမွာ အခက္အခဲေတြ ေပၚေပါက္ေနတာ ျဖစ္ပါတယ္။ ၾသစေၾတးလ် ဖြဲ႔စည္းပံု အေျခခံဥပေဒအရ ႏွစ္ႏိုင္ခံသား ခံယူထားသူေတြဟာ အမတ္ အေရြးခံခြင့္ မရွိပါဘူး။ ႏွစ္ႏိုင္ငံသား ခံယူးထားတယ္ဆိုၿပီး အထက္တရား႐ံုး ဆံုးျဖတ္ခ်က္နဲ႔ ႏုတ္ထြက္သြားရတဲ့ လႊတ္ေတာ္အမတ္ ငါးဦး ရွိေနၿပီ ျဖစ္ပါတယ္။

ကြန္ဆာေဗးတစ္ လစ္ဘရယ္ပါတီက လႊတ္ေတာ္အမတ္ ဂြ်န္ အလက္ဇန္းဒါးက သူဟာ ၾသစေၾတးလ် တစ္ႏိုင္ငံသားတည္း ခံယူထားတာ မဟုတ္ေၾကာင္းနဲ႔ သူ႔အေနနဲ႔ ဒါေၾကာင့္ ႏုတ္ထြက္ၿပီလို႔ ဆိုလိုေၾကာင္း သတင္းေထာက္ေတြကို ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှစ်နိုင်ငံသား ခံယူထားလို့ သြတြေးလျ လွှတ်တော် အမတ် နုတ်ထွက်

သြစတြေးလျ လွှတ်တော် အမတ်တစ်ဦးဟာ နှစ်နိုင်ငံသား ခံယူထားသူဖြစ်လို့ ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထပ်မံ နုတ်ထွက်သွားပေမယ့် ကြားဖြတ် ရွေးကောက်ပွဲ ခေါ်မှာ မဟုတ်ဘူးလို့ သြစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန် တန်ဘူးလ်က ပြောပါတယ်။

နှစ်နိုင်ငံသား ခံယူမှု ပြဿနာကြောင့် သြစတြေးလျ အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲမှာ အခက်အခဲတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ သြစတြေးလျ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နှစ်နိုင်ခံသား ခံယူထားသူတွေဟာ အမတ် အရွေးခံခွင့် မရှိပါဘူး။ နှစ်နိုင်ငံသား ခံယူးထားတယ်ဆိုပြီး အထက်တရားရုံး ဆုံးဖြတ်ချက်နဲ့ နုတ်ထွက်သွားရတဲ့ လွှတ်တော်အမတ် ငါးဦး ရှိနေပြီ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ် လစ်ဘရယ်ပါတီက လွှတ်တော်အမတ် ဂျွန် အလက်ဇန်းဒါးက သူဟာ သြစတြေးလျ တစ်နိုင်ငံသားတည်း ခံယူထားတာ မဟုတ်ကြောင်းနဲ့ သူ့အနေနဲ့ ဒါကြောင့် နုတ်ထွက်ပြီလို့ ဆိုလိုကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)