႐ုရွားမွာ ကိုးထပ္တိုက္ ၿပိဳက်မႈ ေျခာက္ဦးေသ

0
234

႐ုရွားႏိုင္ငံ၊ အူမူးတီးယား ေဒသမွာ ႏိုဝင္ဘာ ၉ ရက္ေန႔က  လူေနတဲ့ ကုိးထပ္တိုက္ ၿပိဳက်ခဲ႔လို႔ အနည္းဆံုးလူ ေျခာက္ဦး ေသဆံုးခဲ့ပါတယ္။ ေသဆံုးခဲ့သူေတြထဲမွာ ကေလးငယ္ ႏွစ္ဦးလည္း ပါဝင္ပါတယ္။

လက္ရွိအိုးအိမ္မဲ့သြားသူေတြကို အစိုးရက ယာယီေနအိမ္ေတြ စီစဥ္ေပးမယ္လုိ႔ အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။ အဲဒီတိုက္မွာ လူေပါင္း ၉၉  ဦးေနထိုင္ၿပီး ေဘးေထာင့္စြန္း ၁၆ ခန္း တစ္ထပ္လံုးၿပိဳက်ခဲ့တာ ျဖစ္ပါတယ္။

အခန္းတစ္ခုရွိ ဂတ္စ္အိုးေပါက္ကြဲမႈေၾကာင့္ အဲ့ဒီ အေဆာက္အဦး ၿပိဳက်ရတာျဖစ္တယ္လုိ႔ ႐ုရွားစံုစမ္းစစ္ေဆးေရးအဖြဲ႔က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားမှာ ကိုးထပ်တိုက် ပြိုကျမှု ခြောက်ဦးသေ

ရုရှားနိုင်ငံ၊ အူမူးတီးယား ဒေသမှာ နိုဝင်ဘာ ၉ ရက်နေ့က လူနေတဲ့ ကိုးထပ်တိုက် ပြိုကျခဲ့လို့ အနည်းဆုံးလူ ခြောက်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ် နှစ်ဦးလည်း ပါဝင်ပါတယ်။

လက်ရှိအိုးအိမ်မဲ့သွားသူတွေကို အစိုးရက ယာယီနေအိမ်တွေ စီစဉ်ပေးမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီတိုက်မှာ လူပေါင်း ၉၉ ဦးနေထိုင်ပြီး ဘေးထောင့်စွန်း ၁၆ ခန်း တစ်ထပ်လုံးပြိုကျခဲ့တာ ဖြစ်ပါတယ်။

အခန်းတစ်ခုရှိ ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် အဲ့ဒီ အဆောက်အဦး ပြိုကျရတာဖြစ်တယ်လို့ ရုရှားစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)