
0
313




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေလီ လေထုညစ်ညမ်းမှု ဆိုးရွား၊ လေကြောင်းလိုင်း ရပ်ထားရ

အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ လေထုညစ်ညမ်းမှု ဆိုးရွားလွန်းနေပြီး မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ယူနိုက်တက် လေကြောင်းလိုင်းရဲ့ ခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းထားခဲ့ရပါတယ်။

ကျွန်တော်တို့ လူထုကျန်းမာရေး အရေးပေါ်ကြေညာချက်နဲ့ ကြံပြုချက်တွေ အတိုင်း လုပ်ဆောင်နေပါတယ်၊ အစိုးရ ဌာနတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ယူနိုက်တက် လေကြောင်းလိုင်းက ကြေညာပါတယ်။

နိုဝင်ဘာ ၉ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်အထိ လေယာဉ်လက်မှတ် ယူထားသူတွေ အနေနဲ့ နိုဝင်ဘာ ၁၈ ရက် မတိုင်ခင်ကျမှ ပြန်ပြီး ဘွတ်ကင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)