တကၠဆက္ ေသနတ္သမားရဲ႕ ဇနီးေဟာင္း ၿခိမ္းေျခာက္ခံေနရ

0
361

အေမရိကန္၊ တကၠဆက္ျပည္နယ္ ဘုရားေက်ာင္းမွာ ေသနတ္နဲ႔ ဝင္ေရာက္ပစ္ခတ္ခဲ့တဲ့ ဒီဗင္ ကယ္လီရဲ႕ ဇနီးေဟာင္းက သူဟာ တျခားသူေတြ ေစာ္ကားေမာ္ကား ေျပာတာ ခံေနရၿပီး သူ႔ကိုေရာ သူ႔မိသာစု တစ္စုလံုးပါ သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္တာ ခံေနရတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ရွိ တက္ဆာ ဘရန္နန္မန္က ကယ္လီ့ကိုယ္ထဲမွာ မေကာင္းဆိုးဝါးေတြ၊ အမုန္းတရားေတြ အျပည့္ရွိေနတယ္လို႔လည္း ေျပာပါတယ္။

အေမရိကန္ ေလတပ္သားေဟာင္း ကယ္လီဟာ ဘရန္နန္မန္ကို ႐ိုက္ႏွက္မႈနဲ႔ ဘရန္နန္မန္ အရင္ ေယာက်ာ္းတဲ႔ ရထားတဲ့ သားရဲ႕ ေခါင္းကို ကန္မႈေၾကာင့္ ၂၀၁၃ ခုႏွစ္မွာ တပ္ကေန အထုတ္ခံရၿပီး စစ္ေထာင္မွာ တစ္ႏွစ္ က်ခဲ့ပါတယ္။ ႏိုဝင္ဘာ ၅ ရက္ေန႔က ဘက္ပတစ္ ဘုရားေက်ာင္းထဲဝင္ၿပီး ကယ္လီက ေသနတ္နဲ႔ ပစ္ခတ္ရာမွာ ၂၆ ဦး ေသဆံုးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကဆက် သေနတ်သမားရဲ့ ဇနီးဟောင်း ခြိမ်းခြောက်ခံနေရ

အမေရိကန်၊ တက္ကဆက်ပြည်နယ် ဘုရားကျောင်းမှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ဒီဗင် ကယ်လီရဲ့ ဇနီးဟောင်းက သူဟာ တခြားသူတွေ စော်ကားမော်ကား ပြောတာ ခံနေရပြီး သူ့ကိုရော သူ့မိသာစု တစ်စုလုံးပါ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာ ခံနေရတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ တက်ဆာ ဘရန်နန်မန်က ကယ်လီ့ကိုယ်ထဲမှာ မကောင်းဆိုးဝါးတွေ၊ အမုန်းတရားတွေ အပြည့်ရှိနေတယ်လို့လည်း ပြောပါတယ်။

အမေရိကန် လေတပ်သားဟောင်း ကယ်လီဟာ ဘရန်နန်မန်ကို ရိုက်နှက်မှုနဲ့ ဘရန်နန်မန် အရင် ယောကျာ်းတဲ့ ရထားတဲ့ သားရဲ့ ခေါင်းကို ကန်မှုကြောင့် ၂၀၁၃ ခုနှစ်မှာ တပ်ကနေ အထုတ်ခံရပြီး စစ်ထောင်မှာ တစ်နှစ် ကျခဲ့ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့က ဘက်ပတစ် ဘုရားကျောင်းထဲဝင်ပြီး ကယ်လီက သေနတ်နဲ့ ပစ်ခတ်ရာမှာ ၂၆ ဦး သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)