ျပင္သစ္မွာ ကားက လမ္းေလွ်ာက္ေနသူေတြကို ဝင္တိုက္၊ သံုးဦး ဒဏ္ရာရ

0
363

ျပင္သစ္ႏိုင္ငံ၊ တူးေလာ့ၿမိဳ႕မွာ ကားတစ္စီးက လမ္းေလွ်ာက္ေနသူေတြကို ဝင္တိုက္တဲ့အတြက္ တ႐ုတ္ေက်ာင္းသား သံုးဦး ဒဏ္ရာရရွိသြားၿပီး တစ္ဦးက စိုးရိမ္ရတဲ့ အေျခအေန ရွိပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၀ ရက္မွာ ျဖစ္သြားတဲ့ အဲဒီ ကားနဲ႔ ဝင္တိုက္မႈဟာ အၾကမ္းသမားေတြ ဆက္စပ္မႈ မရွိဘူးလို႔ ျပင္သစ္ အာဏာပိုင္ေတြက ေျပာပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ကားေမာင္းသူ အမ်ိဳးသားကို ခ်က္ခ်င္းဖမ္းမိခဲ့ပါတယ္။

ကားသမားဟာ တမင္သက္သက္ ဝင္တိုက္တာ ျဖစ္တယ္လို႔ တူးေလာ့က အစိုးရေရွ႕ေန ပီယာ့ ဗက္စ္ ကူလီက ေျပာပါတယ္။ ကားသမားက အိမ္ေထာင္မရွိသူျဖစ္ၿပီး ဘလာညက္မွာ မိခင္နဲ႔ ေနထိုင္ကာ အရင္က စိတ္ပိုင္းဆိုင္ရာ ျပႆနာ ရွိခဲ့ဖူးပါတယ္။ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာမွာ ေဆး႐ံုက ဆင္းခြင့္ျပဳထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြင်သစ်မှာ ကားက လမ်းလျှောက်နေသူတွေကို ဝင်တိုက်၊ သုံးဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံ၊ တူးလော့မြို့မှာ ကားတစ်စီးက လမ်းလျှောက်နေသူတွေကို ဝင်တိုက်တဲ့အတွက် တရုတ်ကျောင်းသား သုံးဦး ဒဏ်ရာရရှိသွားပြီး တစ်ဦးက စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။

မနေ့က နိုဝင်ဘာ ၁၀ ရက်မှာ ဖြစ်သွားတဲ့ အဲဒီ ကားနဲ့ ဝင်တိုက်မှုဟာ အကြမ်းသမားတွေ ဆက်စပ်မှု မရှိဘူးလို့ ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် ကားမောင်းသူ အမျိုးသားကို ချက်ချင်းဖမ်းမိခဲ့ပါတယ်။

ကားသမားဟာ တမင်သက်သက် ဝင်တိုက်တာ ဖြစ်တယ်လို့ တူးလော့က အစိုးရရှေ့နေ ပီယာ့ ဗက်စ် ကူလီက ပြောပါတယ်။ ကားသမားက အိမ်ထောင်မရှိသူဖြစ်ပြီး ဘလာညက်မှာ မိခင်နဲ့ နေထိုင်ကာ အရင်က စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ ဆေးရုံက ဆင်းခွင့်ပြုထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)