
0
309




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီ လေကြောင်း တိုက်ခိုက်မှု ယီမင်မှာ အရပ်သားတွေ ဒဏ်ရာရ

ယီမင်နိုင်ငံမှာ ဟူသီသူပုန်တွေ သိမ်းပိုက်ထားတဲ့ ဆာနာအာမြို့ကို ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က လေကြောင်းကနေ တိုက်ခိုက်ရာမှာ အနည်းဆုံး အရပ်သား သုံးဦး ဒဏ်ရာရရှိသွားပါတယ်။

မနေ့က နိုဝင်ဘာ ၁၀ ရက် လေကြောင်း တိုက်ခိုက်မှုဟာ ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အဦးကို ပစ်မှတ်ထားတာ ဖြစ်ပေမယ့် အနီးက လူနေ ဧရိယာကို သွားထိမှန်တာ ဖြစ်ပါတယ်။ နေအိမ် အများအပြားလည်း ပျက်စီးခဲ့ပါတယ်။

ယီမင်က ဟူသီသူပုန်တွေဟာ ဆော်ဒီအာရေဗျရှိ ရီယာ့ဒ်မြို့ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရာမှာ ဆော်ဒီက ကြားဖြတ် ပစ်ချခဲ့ရပြီးနောက် အခုလို လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)