ေျမာက္ကိုရီးယားရဲ႕ တရားဝင္ဖိတ္စာကို ေစာင့္ေမွ်ာ္ေနေၾကာင္း ဗာတီကန္ ေျပာ

0
208

ေျမာက္ကိုရီးယားႏိုင္ငံကို ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ လာေရာက္လည္ပတ္ဖို႔ ဖိတ္ေခၚတဲ့ တရားဝင္ဖိတ္စာကို ေစာင့္ေမွ်ာ္ေနေၾကာင္း ဗာတီကန္က ေျပာၾကားလိုက္ပါတယ္။

ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအြန္က တကယ္လို႔ ဖိတ္ၾကားခဲ့ရင္ ပုပ္ရဟန္းႀကီး သြားေရာက္မလား ဆိုတာကိုေတာ့ အခု မေျပာလိုေသးဘူးလို႔ ပုပ္ရဟန္းမင္းႀကီးရဲ႕ ေျပာခြင့္ရသူ ဂ်ရတ္ ဘာကီက ေျပာပါတယ္။ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းက သူ႔ရဲ႕ ဥေရာပသမဂၢကို ကိုးရက္ၾကာ အလည္အပတ္ ခရီးစဥ္အတြင္း ပုပ္ရဟန္းမင္းႀကီးနဲ႔ ေတြ႔ဆံုမွာ ျဖစ္ပါတယ္။

သမၼတ မြန္ေဂ်အင္းက ကင္ဂ်ံဳအြန္ လူႀကံဳပါးလိုက္တဲ့ ၿပံဳယမ္းကို လာလည္ဖို႔ ဖိတ္စာကို ပုပ္ရဟန္းမင္းႀကီးထံ ေပးအပ္ဖို႔ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားရဲ့ တရားဝင်ဖိတ်စာကို စောင့်မျှော်နေကြောင်း ဗာတီကန် ပြော

မြောက်ကိုရီးယားနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်တဲ့ တရားဝင်ဖိတ်စာကို စောင့်မျှော်နေကြောင်း ဗာတီကန်က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က တကယ်လို့ ဖိတ်ကြားခဲ့ရင် ပုပ်ရဟန်းကြီး သွားရောက်မလား ဆိုတာကိုတော့ အခု မပြောလိုသေးဘူးလို့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောခွင့်ရသူ ဂျရတ် ဘာကီက ပြောပါတယ်။ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက သူ့ရဲ့ ဥရောပသမဂ္ဂကို ကိုးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတ မွန်ဂျေအင်းက ကင်ဂျုံအွန် လူကြုံပါးလိုက်တဲ့ ပြုံယမ်းကို လာလည်ဖို့ ဖိတ်စာကို ပုပ်ရဟန်းမင်းကြီးထံ ပေးအပ်ဖို့ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)