
0
191





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေ့ပြောင်းဝင်ရောက်သူတွေ မြို့ကြီးတွေကို မဝင်ရောက်ဖို့ ပိတ်ပင်ရေး သြစတြေးလျ စဉ်းစား

မြို့ပြဧရိယာမှာ လူတွေ စုပြုံနေမှုကို လျှော့ချဖို့ အစီအစဉ်အနေနဲ့ အသစ်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို မြို့ကြီး တွေ မဝင်ရောက်ရေး ပိတ်ပင်ဖို့ သြစတြေးလျအစိုးရက စဉ်းစားနေပါတယ်။

မနှစ်က ကျွမ်းကျင်မှုအရည်အချင်း ဗီဇာနဲ့ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအခြေချသူ ၁၈၆၀ဝ၀ ဦးအနက် ၇၀ ရာခိုင်နှုန်းဟာ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေမှာ အခြေချကြတယ်လို့ အစိုးရအချက်အလက်တွေက ဖော်ပြပါတယ်။ လက်ရှိမှာ သြစတြေးလျနိုင်ငံ လူဦးရေ ၂၅ သန်းအနက် ငါးပုံ တစ်ပုံဟာလည်း အဲဒီ မြို့နှစ်မြို့မှာပဲ နေထိုင်နေကြပါ တယ်။

ရွှေ့ပြောင်းအခြေချသူတွေကြောင့် မြို့ပြလူဦးရေဟာ မြင့်တက်နေပြီး အခြေခံ အဆောက်အဦ မလုံလောက်မှုနဲ့ လူနေထူထပ်မှု ပြဿနာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအတိုင်းဆိုရင် ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေဟာ တစ်မြို့စီဟာ ၂၀၃၀ ပြည့်နှစ်မှာ လူဦးရေ ၈ သန်းကျော်ဆီ ရှိလာနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)