သမၼတ ထရမ့္ ကိုရီးယား စစ္မဲ့ဇုန္ကို သြားေရာက္ဖြယ္ရွိ

0
310

ေတာင္ကိုရီးယားကို လာေရာက္မယ့္ ခရီးစဥ္မွာ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ဟာ ကမာၻေပၚမွာ နယ္စပ္တစ္ေလွ်ာက္ စစ္အင္အား အမ်ားဆံုး ဝန္းရံထားတဲ့ စစ္မဲ့ဇုန္ကို လာေရာက္ဖြယ္ ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ကိုရီးယား ႏွစ္ႏိုင္ငံ ကြဲျပားသြားတဲ့ ၁၉၅၀-၁၉၅၃ စစ္ပြဲအၿပီး စစ္မဲ့ဇုန္ကို သတ္မွတ္ခဲ့တာပါ။ သမၼတ ထရမ့္ သြားေရာက္ဖို႔ စဥ္းစားေနတဲ့အထဲမွာ အဲဒီ စစ္မဲ့ဇုန္လည္း ပါပါတယ္။

သမၼတ ထရမ့္ဟာ ဂ်ပန္၊ တ႐ုတ္၊ ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္တုိ႔ကို လာေရာက္ဖို႔ ရွိပါတယ္။ ဒီသတင္း ထြက္ေပၚမႈနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ကိုရီးယားကြ်န္းဆြယ္ေပၚမွာ B-1B အေမရိကန္ ဗံုးႀကဲေလယာဥ္ႏွစ္စီး ပ်ံသန္းၿပီး ေလတပ္အင္အားကို အေမရိကန္က ျပခဲ့ပါတယ္။ ေတာင္ကိုရီးယား တိုက္ေလယာဥ္ေတြနဲ႔ ဂ်ပန္ တိုက္ေလယာဥ္ေတြလည္း ပူးတြဲပ်ံသန္းခဲ့တာ ျဖစ္ပါတယ္။

……..။ ။……..

သမ္မတ ထရမ့် ကိုရီးယား စစ်မဲ့ဇုန်ကို သွားရောက်ဖွယ်ရှိ

တောင်ကိုရီးယားကို လာရောက်မယ့် ခရီးစဉ်မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ဟာ ကမ္ဘာပေါ်မှာ နယ်စပ်တစ်လျှောက် စစ်အင်အား အများဆုံး ဝန်းရံထားတဲ့ စစ်မဲ့ဇုန်ကို လာရောက်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကိုရီးယား နှစ်နိုင်ငံ ကွဲပြားသွားတဲ့ ၁၉၅၀-၁၉၅၃ စစ်ပွဲအပြီး စစ်မဲ့ဇုန်ကို သတ်မှတ်ခဲ့တာပါ။ သမ္မတ ထရမ့် သွားရောက်ဖို့ စဉ်းစားနေတဲ့အထဲမှာ အဲဒီ စစ်မဲ့ဇုန်လည်း ပါပါတယ်။

သမ္မတ ထရမ့်ဟာ ဂျပန်၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို လာရောက်ဖို့ ရှိပါတယ်။ ဒီသတင်း ထွက်ပေါ်မှုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုရီးယားကျွန်းဆွယ်ပေါ်မှာ B-1B အမေရိကန် ဗုံးကြဲလေယာဉ်နှစ်စီး ပျံသန်းပြီး လေတပ်အင်အားကို အမေရိကန်က ပြခဲ့ပါတယ်။ တောင်ကိုရီးယား တိုက်လေယာဉ်တွေနဲ့ ဂျပန် တိုက်လေယာဉ်တွေလည်း ပူးတွဲပျံသန်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)