ကယ္လီဖိုးနီးယား ေတာမီးေၾကာင့္ ေသဆံုးသူ ၁၅ ဦးအထိ ရွိလာ

0
322

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ပိုင္းမွာ ေတာမီး ဆက္လက္ ေလာင္က်ြမ္းေနဆဲ ျဖစ္ၿပီး ေသဆံုးသူ ၁၅ ဦးအထိ ရွိလာကာ လူေပါင္း ၁၅၀ ေက်ာ္ ေပ်ာက္ဆံုးေနတယ္လုိ႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ေအာက္တိုဘာ ၈ ရက္ေန႔ကတည္းက စတင္ေလာင္က်ြမ္းခဲ့တဲ့ ေတာမီးေၾကာင့္ ေနအိမ္ ၁၅၀၀ ေက်ာ္လည္း ပ်က္စီးခဲ့ပါတယ္။ ေသဆံုးခဲ့သူေတြထဲက ၉ ဦးကေတာ့ ဆိုႏိုမာၿမိဳ႕က ျဖစ္ၾကၿပီး ဆိုႏိုမာၿမိဳ႕အတြက္ ဆံုးရြားတဲ့ အေျခအေန ျဖစ္ပါတယ္။

မီးသတ္တပ္ဖြဲ႔ဝင္ေတြလည္း ဆက္လက္ မီးၿငိမ္းသတ္ေနဆဲ ျဖစ္ၿပီး ကယ္လီဖိုးနီးယား အုပ္ခ်ဳပ္ေရးမႉးကေတာ့ ေတာမီးေလာင္က်ြမ္းမႈ ခံစားေနရတဲ့ ဆိုႏိုမာ၊ နာပါနဲ႔ တျခား ၿမိဳ႕ ၅ ၿမိဳ႕ကို အေရးေပၚ အေျခအေန ေၾကညာထားပါတယ္။

သမၼတ ေဒၚနယ္ ထရမ့္ကလည္း သဘာဝ ေဘးအႏၱရာယ္ ခံစားရတဲ့ ေနရာအျဖစ္ ေၾကညာခဲ့ၿပီး အဲ့ဒီအတြက္ ေထာက္ပံ့ေငြေပးဖုိ႔ အတည္ျပဳေျပာၾကားလုိက္ပါတယ္။

…….။ ။…….

ကယ်လီဖိုးနီးယား တောမီးကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ တောမီး ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ပြီး သေဆုံးသူ ၁၅ ဦးအထိ ရှိလာကာ လူပေါင်း ၁၅၀ ကျော် ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် နေအိမ် ၁၅၀ဝ ကျော်လည်း ပျက်စီးခဲ့ပါတယ်။

သေဆုံးခဲ့သူတွေထဲက ၉ ဦးကတော့ ဆိုနိုမာမြို့က ဖြစ်ကြပြီး ဆိုနိုမာမြို့အတွက် ဆုံးရွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ဆက်လက် မီးငြိမ်းသတ်နေဆဲ ဖြစ်ပြီး ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးကတော့ တောမီးလောင်ကျွမ်းမှု ခံစားနေရတဲ့ ဆိုနိုမာ၊ နာပါနဲ့ တခြား မြို့ ၅ မြို့ကို အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ကလည်း သဘာဝ ဘေးအန္တရာယ် ခံစားရတဲ့ နေရာအဖြစ် ကြေညာခဲ့ပြီး အဲ့ဒီအတွက် ထောက်ပံ့ငွေပေးဖို့ အတည်ပြုပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)