အေမရိကန္က ဟြာေဝးကို ပိုလိုအပ္တာလို႔ ဟြာေဝးက ေျပာ

0
93

ဟြာေဝးက အေမရိကန္ကို လိုအပ္တာထက္ အေမရိကန္ကသာ ဟြာေဝးကို ပိုလိုအပ္တာ ျဖစ္တယ္လို႔ တ႐ုတ္ ဆက္သြယ္ေရး ကုမၸဏီႀကီး ဟြာေဝးရဲ႕ အႀကီးတန္း အမႈေဆာင္တစ္ဦးက ေျပာလိုက္ပါတယ္။

ဒါ့အျပင္ အေမရိကန္က ဟြာေဝး ထုတ္ကုန္ေတြကို ပိတ္ပင္တာဟာ ေရရွည္မွာ အေမရိကန္ကို ထိခိုက္လိမ့္မယ္လို႔ ဟြာေဝး နည္းပညာ USA ရဲ႕ လံုၿခံဳေရးဆိုင္ရာ အႀကီးအကဲ အန္ဒီ ပါဒီက ေျပာပါတယ္။ မႏွစ္တုန္းက ဟြာေဝးရဲ႕ ကမာၻ႔ထုတ္ကုန္ အစိတ္အပိုင္း ၃၀ ရာခိုင္ႏႈန္းဟာ အေမရိကန္က လာတာျဖစ္ေၾကာင္း၊ အေမရိကန္ ကုမၸဏီ ၁၃၀ ထံကေန နည္းပညာနဲ႔ အစိတ္အပိုင္းေတြကို ဟြာေဝးက အေမရိကန္ ေဒၚလာ ၁၁ ဘီလီယံဖိုး ဝယ္ယူခဲ့ေၾကာင္းလည္း သူက ေျပာပါတယ္။

ဟြာေဝးကသာ ဝယ္ယူမႈ မရွိေတာ့ဘူးဆိုရင္ အဲဒီ အေမရိကန္ ကုမၸဏီေတြ ဆံုး႐ံႈးမွာ ျဖစ္ၿပီး အလုပ္အကိုင္ ၄ ေသာင္းအေပၚ ထိခိုက္မွာ ျဖစ္ေၾကာင္းလည္း ပါဒီက ေျပာပါတယ္။

အမေရိကန်က ဟွာဝေးကို ပိုလိုအပ်တာလို့ ဟွာဝေးက ပြော

ဟွာဝေးက အမေရိကန်ကို လိုအပ်တာထက် အမေရိကန်ကသာ ဟွာဝေးကို ပိုလိုအပ်တာ ဖြစ်တယ်လို့ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီး ဟွာဝေးရဲ့ အကြီးတန်း အမှုဆောင်တစ်ဦးက ပြောလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်က ဟွာဝေး ထုတ်ကုန်တွေကို ပိတ်ပင်တာဟာ ရေရှည်မှာ အမေရိကန်ကို ထိခိုက်လိမ့်မယ်လို့ ဟွာဝေး နည်းပညာ USA ရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ အန်ဒီ ပါဒီက ပြောပါတယ်။ မနှစ်တုန်းက ဟွာဝေးရဲ့ ကမ္ဘာ့ထုတ်ကုန် အစိတ်အပိုင်း ၃၀ ရာခိုင်နှုန်းဟာ အမေရိကန်က လာတာဖြစ်ကြောင်း၊ အမေရိကန် ကုမ္ပဏီ ၁၃၀ ထံကနေ နည်းပညာနဲ့ အစိတ်အပိုင်းတွေကို ဟွာဝေးက အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံဖိုး ဝယ်ယူခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ဟွာဝေးကသာ ဝယ်ယူမှု မရှိတော့ဘူးဆိုရင် အဲဒီ အမေရိကန် ကုမ္ပဏီတွေ ဆုံးရှုံးမှာ ဖြစ်ပြီး အလုပ်အကိုင် ၄ သောင်းအပေါ် ထိခိုက်မှာ ဖြစ်ကြောင်းလည်း ပါဒီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)