
0
104

တူရကီနို အသတ်ခံရတဲ့ ဂျမယ် ခါရှော့ဂီရဲ့ နောက်ဆုံး စကား ထွက်ပေါ်လာ င်ငံရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံရတဲ့ ဆော်ဒီ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီ မသေခင် နောက်ဆုံး ပြောခဲ့တဲ့စကားကို ဖော်ထုတ်လိုက်ပါတယ်။



အသတ်ခံရတဲ့ ဂျမယ် ခါရှော့ဂီရဲ့ နောက်ဆုံး စကား ထွက်ပေါ်လာ

တူရကီနိုင်ငံရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံရတဲ့ ဆော်ဒီ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီ မသေခင် နောက်ဆုံး ပြောခဲ့တဲ့စကားကို ဖော်ထုတ်လိုက်ပါတယ်။

ကောင်စစ်ဝန်ရုံး အသံဖမ်းစက်ကနေ ဖမ်းထားချက်အရ ခါရှော့ဂီ ပြောခဲ့တာက သူ့ပါးစပ်ကို အုပ်မထားဖို့၊ ဘာကြောင့်လဲဆိုတော့ သူ့မှာ ပန်းနာရင်ကျပ် ရောဂါရှိလို့ အသက်ရှုကြပ်မှာစိုးလို့ ဖြစ်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးမှာ ဆော်ဒီ အထူးလုပ်ကြံရေးသမားတွေက ခါရှော့ဂီကို သတ်ပြီး အပိုင်းပိုင်း ခုတ်ဖြတ်ကာ လက်စဖျောက်ခဲ့ပါတယ်။

ဆော်ဒီကို ဝေဖန်ပြောဆိုတဲ့ ခါရှော့ဂီဟာ အမေရိကန်မှာ နေထိုင်နေပြီး လက်ထပ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေအတွက် ကောင်စစ်ဝန်ရုံးကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ခါရှော့ဂီ နောက်ဆုံး ပြောခဲ့တဲ့စကားကို တူရကီ ထောက်လှမ်းရေးက အသံဖမ်းယူခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့က တူရကီ သတင်းစား ဒေးလီး ဆာဘာမှာ ဖော်ပြခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)