ဂ်ပန္ ပို႔ကုန္ ထိန္းခ်ဳပ္မႈ ေတာင္ကိုရီးယားက WTO ကို တိုင္ၾကားမယ္

0
54

ဂ်ပန္ႏိုင္ငံက ေတာင္ကိုရီးယားႏိုင္ငံကို ပို႔ကုန္ ထိန္းခ်ဳပ္ တင္းက်ပ္မႈဟာ ႏိုင္ငံေရးပါၿပီး ခြဲျခားဆက္ဆံတာ ျဖစ္လို႔ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႔ (WTO) ကို ေတာင္ကိုရီးယားက တိုင္ၾကားဖို႔ စီစဥ္ေနပါတယ္။

ႏိုင္ငံေရး ရည္ရြယ္ခ်က္နဲ႔ ကုန္သြယ္ေရးမွာ အလြဲသံုးစား လုပ္ေနတာေတြကို တားဆီးႏိုင္ဖို႔ WTO ကို တိုင္ၾကားဖို႔ ဆံုးျဖတ္ထားေၾကာင္း ေတာင္ကိုရီးယား ကုန္သြယ္ေရး ဝန္ႀကီး ယို ေျမာင္ဟီက ေျပာပါတယ္။ ဒုတိယ ကမာၻစစ္အတြင္း ဂ်ပန္က ေတာင္ကိုရီးယား လုပ္သားေတြကို အဓၶမေစခိုင္းမႈအတြက္ ေလ်ာ္ေၾကးေပးဖို႔ သံတမန္ အျငင္းပြားမႈ ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ ဂ်ပန္က စမတ္ဖုန္းမွာ သံုးတဲ့ ပစၥည္းသံုးမ်ိဳးကို ေတာင္ကိုရီးယားဆီ တင္သြင္းမႈ တင္းက်ပ္ထိန္းခ်ဳပ္ခဲ့ပါတယ္။

အဲဒီလို ပိတ္ပင္မႈေၾကာင့္ ေတာင္ကိုရီးယား ကုမၸဏီေတြ ဆိုးဆိုးဝါးဝါး ထိခိုက္ခဲ့ၿပီး ကမာၻ႔ထုတ္လုပ္မႈ လမ္းေၾကာင္း (Global supply change) နဲ႔ စီးပြားေရးေတြလည္း မေရမရာ ျဖစ္ခဲ့ရတယ္လို႔ ဝန္ႀကီး ယိုက ေျပာပါတယ္။  

ဂျပန် ပို့ကုန် ထိန်းချုပ်မှု တောင်ကိုရီးယားက WTO ကို တိုင်ကြားမယ်

ဂျပန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံကို ပို့ကုန် ထိန်းချုပ် တင်းကျပ်မှုဟာ နိုင်ငံရေးပါပြီး ခွဲခြားဆက်ဆံတာ ဖြစ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို တောင်ကိုရီးယားက တိုင်ကြားဖို့ စီစဉ်နေပါတယ်။

နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ကုန်သွယ်ရေးမှာ အလွဲသုံးစား လုပ်နေတာတွေကို တားဆီးနိုင်ဖို့ WTO ကို တိုင်ကြားဖို့ ဆုံးဖြတ်ထားကြောင်း တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီး ယို မြောင်ဟီက ပြောပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်က တောင်ကိုရီးယား လုပ်သားတွေကို အဓ္ဓမစေခိုင်းမှုအတွက် လျော်ကြေးပေးဖို့ သံတမန် အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဂျပန်က စမတ်ဖုန်းမှာ သုံးတဲ့ ပစ္စည်းသုံးမျိုးကို တောင်ကိုရီးယားဆီ တင်သွင်းမှု တင်းကျပ်ထိန်းချုပ်ခဲ့ပါတယ်။

အဲဒီလို ပိတ်ပင်မှုကြောင့် တောင်ကိုရီးယား ကုမ္ပဏီတွေ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပြီး ကမ္ဘာ့ထုတ်လုပ်မှု လမ်းကြောင်း (Global supply change) နဲ့ စီးပွားရေးတွေလည်း မရေမရာ ဖြစ်ခဲ့ရတယ်လို့ ဝန်ကြီး ယိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)