
0
100




ဂျက်မား အလီဘာဘာ ဂရု (ပ်) ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်

ကမ္ဘာ့ အကြီးဆုံး e-commerce လုပ်ငန်းကြီး အလီဘာဘာ ဂရု (ပ်) ကို တည်ထောင်သူ ဂျက်မားဟာ အဲဒီလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ အချမ်းသာဆုံးနဲ့ အအောင်မြင်ဆုံး စီးပွားရေးသမား ဖြစ်သူ ဂျက်မားဟာ သူ့ရဲ့ အသက် ၅၅ နှစ်ပြည့် မွေးနေ့မှာ အလီဘာဘာ ဂရု (ပ်) ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်လိုက်တာပါ။ ဒီလို နုတ်ထွက်မယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်ကတည်းက ကြေညာပြီးသား ဖြစ်ပါတယ်။

အဖွဲ့ဝင် ၃၆ ဦးရှိတဲ့ အလီဘာဘာ မိတ်ဖက်အဖွဲ့မှာတော့ အဖွဲ့ဝင်အဖြစ် ဆက်ရှိမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ ဆရာဟောင်း ဂျက်မားဟာ အလီဘာဘာကို ၁၉၉၉ ခုနှစ်မှာ မြောက် အမေရိကရှိ စီးပွားရေးလုပ်ငန်းနဲ့ တရုတ် ပို့ကုန်တင်ပို့သူတွေကို ချိတ်ဆက်ပေးဖို့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)