ၾသစေၾတးလ် ႏိုင္ငံသား သံုးဦး အီရန္မွာ အဖမ္းခံရ

0
77

အီရန္ႏိုင္ငံမွာ ၾသစေၾတးလ် ႏိုင္ငံသား သံုးဦး အဖမ္းခံရေၾကာင္းနဲ႔ အဖမ္းခံရသူေတြရဲ႕ မိသားစုဝင္ေတြကို အကူအညီေပးေနေၾကာင္း ၾသစေၾတးလ် အစိုးရက ဒီေန႔ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ ေျပာပါတယ္။

ၿဗိတိသွ်-ၾသစေၾတးလ် အမ်ိဳးသမီး ႏွစ္ဦးနဲ႔ သူတို႔ႏွစ္ဦးထဲက တစ္ဦးရဲ႕ ရည္းစား ၾသစေၾတးလ်သားတို႔ အီရန္ႏိုင္ငံမွာ အဖမ္းခံထားရေၾကာင္း ၿဗိတိန္ အေျခစိုက္ The Time သတင္းစာက ေဖာ္ျပၿပီးေနာက္ ၾသစေၾတးလ် ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အခုလို ေျပာတာ ျဖစ္ပါတယ္။

ပုဂၢိဳလ္ေရး လံုၿခံဳေရးအရ အေသးစိတ္ကို မေျပာလိုေၾကာင္း ၾသစေၾတးလ် ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရသူက ေျပာပါတယ္။ အီရန္နဲ႔ ကမာၻ႔အင္အားႀကီး ႏိုင္ငံေတြၾကား ခ်ဳပ္ဆိုထားတဲ့ ႏ်ဴကလီးယားစာခ်ဳပ္ကေန အေမရိကန္ ႏုတ္ထြက္မႈ၊ အီရန္ရဲ႕ ႏ်ဴကလီးယား အစီအစဥ္ေၾကာင့္ ပိတ္ဆို႔အေရးယူမႈ၊ အီရန္ရဲ႕ ေရနံတင္ပို႔မႈကို ပိတ္ပင္မႈေၾကာင့္ အီရန္နဲ႔ အေနာက္ႏိုင္ငံေတြၾကား တင္းမာမႈဟာ အခုလို ဖမ္းဆီးမႈေၾကာင့္ ပိုၿပီး ျမင့္တက္လာပါတယ္။

သြစတြေးလျ နိုင်ငံသား သုံးဦး အီရန်မှာ အဖမ်းခံရ


အီရန်နိုင်ငံမှာ သြစတြေးလျ နိုင်ငံသား သုံးဦး အဖမ်းခံရကြောင်းနဲ့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေကို အကူအညီပေးနေကြောင်း သြစတြေးလျ အစိုးရက ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ပြောပါတယ်။


ဗြိတိသျှ-သြစတြေးလျ အမျိုးသမီး နှစ်ဦးနဲ့ သူတို့နှစ်ဦးထဲက တစ်ဦးရဲ့ ရည်းစား သြစတြေးလျသားတို့ အီရန်နိုင်ငံမှာ အဖမ်းခံထားရကြောင်း ဗြိတိန် အခြေစိုက် The Time သတင်းစာက ဖော်ပြပြီးနောက် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို ပြောတာ ဖြစ်ပါတယ်။


ပုဂ္ဂိုလ်ရေး လုံခြုံရေးအရ အသေးစိတ်ကို မပြောလိုကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကနေ အမေရိကန် နုတ်ထွက်မှု၊ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကြောင့် ပိတ်ဆို့အရေးယူမှု၊ အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ပင်မှုကြောင့် အီရန်နဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုဟာ အခုလို ဖမ်းဆီးမှုကြောင့် ပိုပြီး မြင့်တက်လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)