
0
75




မူဂါဘီရဲ့ အလောင်းကို စင်ကာပူကနေ သယ်သွား


ဇင်ဘာဘွေ အာဏာရှင်ဟောင်း ရောဘတ် မူဂါဘီရဲ့ အလောင်းကို စင်ကာပူကနေ ဇင်ဘာဘွေမှာ သင်္ဂြိုဟ်ဖို့ ဒီနေ့ စက်တင်ဘာလ ၁၁ ရက်မှာ သယ်ယူသွားပြီ ဖြစ်ပါတယ်။


ဇင်ဘာဘွေ နိုင်ငံကို ဗြိတိန်ဆီကနေ လွတ်လပ်ရေးရအောင် တိုက်ယူခဲ့တဲ့ မူဂါဘီဟာ ဇင်ဘာဘွေကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ရာထူးကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။ မူဂါဘီဟာ စက်တင်ဘာလ ၆ ရက်နေ့က စင်ကာပူမှာ ဆေးကုသရင်း အသက် ၉၅ နှစ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။


၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်တပ်နဲ့ သူ့ကို သစ္စာခံခဲ့သူတွေက မူဂါဘီကို ရာထူးကနေ ဖြုတ်ချခဲ့ပြီးနောက် ဇင်ဘာဘွေမှာ အာဏာရှင် အုပ်စိုးမှုနဲ့ စီးပွားရေး ချွတ်ခြုံကျမှု အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက် မူဂါဘီရဲ့ ကျန်းမာရေးလည်း ကျဆင်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)