ဘဂၤလားေဒ့ရွ္ကေန ခိုးဝင္လာသူေတြရဲ႕ ျပႆနာဟာ အိႏၵိယ တစ္ႏိုင္ငံလံုးမွာ ျဖစ္ေန

0
244

ဘဂၤလားေဒ့ရွ္ႏိုင္ငံကေန ခိုးဝင္လာသူေတြ ျပႆနာဟာ အာသံျပည္နယ္ တစ္ခုတည္းရဲ႕ ျပႆနာမဟုတ္ဘူးလို႔ အာသံျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆာဘာနႏၵာ ဆိုႏိုဝါလ္က ေျပာပါတယ္။

နယ္စပ္ကာကြယ္ေရး၊ လံုၿခံဳေရးနဲ႔ ယဥ္ေက်းမႈ ဆယ္မီနာမွာ အာသံျပည္နယ္ ဝန္ႀကီးခ်ဳပ္က ဘဂၤလားေဒ့ရွ္ကေန ခိုးဝင္လာသူေတြ မ်ားျပားလာတဲ့ ျပႆနာဟာ အာသံျပည္နယ္ တစ္ခုတည္းရဲ႕ ျပႆနာ မဟုတ္ဘဲ ေဒလီနဲ႔ တျခား ျပည္နယ္ေတြျဖစ္တဲ့ အေနာက္ဘေဂၤါ၊ ဂ်ဟာခန္၊ ဘီဟာတို႔မွာလည္း ခိုးဝင္လာသူေတြ ျပႆနာ ရွိေနတယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

အာသံျပည္နယ္ ေရြးေကာက္ပြဲမတိုင္ခင္ လက္ရွိ အာဏာရပါတီ ဘာရာတီယာ ဂ်နတာ ပါတီ (BJP) က ႏိုင္ငံသား မွတ္ပံုတင္ေရး ျပႆနာနဲ႔ ပတ္သက္လို႔ ထုတ္ေဖာ္ ေျပာဆိုတာ ျဖစ္ပါတယ္။ အိႏၵိယမွာ မ်ိဳး႐ိုးစဥ္ဆက္ ေနထိုင္ခဲ့ေၾကာင္း အေထာက္အထား မရွိသူေတြကို ႏိုင္ငံသားအျဖစ္က ပယ္ဖ်က္ဖို႔ စိစစ္ေနခ်ိန္ အာသံျပည္နယ္မွာ သိန္းနဲ႔ ခ်ီတဲ့ သူေတြဟာ အေထာက္အထား မရွိ ျဖစ္ေနလို႔ ႏိုင္ငံသားအျဖစ္က ပယ္ဖ်က္ခံရမယ့္ အေျခအေန ႀကံဳေတြ႔ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာသူတွေရဲ့ ပြဿနာဟာ အိန္ဒိယ တစ်နိုင်ငံလုံးမှာ ဖြစ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာသူတွေ ပြဿနာဟာ အာသံပြည်နယ် တစ်ခုတည်းရဲ့ ပြဿနာမဟုတ်ဘူးလို့ အာသံပြည်နယ် ဝန်ကြီးချုပ် ဆာဘာနန္ဒာ ဆိုနိုဝါလ်က ပြောပါတယ်။

နယ်စပ်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ယဉ်ကျေးမှု ဆယ်မီနာမှာ အာသံပြည်နယ် ဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာသူတွေ များပြားလာတဲ့ ပြဿနာဟာ အာသံပြည်နယ် တစ်ခုတည်းရဲ့ ပြဿနာ မဟုတ်ဘဲ ဒေလီနဲ့ တခြား ပြည်နယ်တွေဖြစ်တဲ့ အနောက်ဘင်္ဂေါ၊ ဂျဟာခန်၊ ဘီဟာတို့မှာလည်း ခိုးဝင်လာသူတွေ ပြဿနာ ရှိနေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အာသံပြည်နယ် ရွေးကောက်ပွဲမတိုင်ခင် လက်ရှိ အာဏာရပါတီ ဘာရာတီယာ ဂျနတာ ပါတီ (BJP) က နိုင်ငံသား မှတ်ပုံတင်ရေး ပြဿနာနဲ့ ပတ်သက်လို့ ထုတ်ဖော် ပြောဆိုတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ မျိုးရိုးစဉ်ဆက် နေထိုင်ခဲ့ကြောင်း အထောက်အထား မရှိသူတွေကို နိုင်ငံသားအဖြစ်က ပယ်ဖျက်ဖို့ စိစစ်နေချိန် အာသံပြည်နယ်မှာ သိန်းနဲ့ ချီတဲ့ သူတွေဟာ အထောက်အထား မရှိ ဖြစ်နေလို့ နိုင်ငံသားအဖြစ်က ပယ်ဖျက်ခံရမယ့် အခြေအနေ ကြုံတွေ့နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)