႐ုရွားမွာ ဆႏၵျပသူ ေထာင္ခ်ီ ဖမ္းဆီးခံရ

0
198

႐ုရွားႏုိင္ငံမွာ စက္တင္ဘာ ၁၀ ရက္ေန႔က ျဖစ္ခဲ့တဲ့ ဆႏၵျပမႈေတြအတြင္း လူေပါင္း ၁ ေထာင္ေက်ာ္ ဖမ္းဆီးထိန္းသိမ္းခံရခဲ့ရပါတယ္။

အစိုးရရဲ႕ ပင္စင္ယူရမယ့္ အသက္အရြယ္ကို တုိးျမွင့္လုိက္တဲ့ အစီအစဥ္ကို မေက်နပ္တာေၾကာင့္ ႐ုရွားႏုိင္ငံတဝန္း ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။ ဖမ္းဆီးထိန္းသိမ္း ခံရသူေတြ ထက္ဝက္ေက်ာ္ဟာ စိန္႔ပီတာစဘတ္ ၿမိဳ႕မွာ ဖမ္းဆီးခံရတာျဖစ္ၿပီး အၾကမ္းဖက္ ႏွိမ္နင္းေရးရဲေတြက ဆႏၵျပသူေတြကို တုတ္ေတြနဲ႔ ႐ိုက္ကာ ေခၚယူခဲ့ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

သမၼတ ပူတင္ရဲ႕ ေျပာေရးဆုိခြင့္ရွိသူ ဒီမီထရီ ပက္စ္ေကာ့ဗ္ကေတာ့ ရဲေတြဟာ ဥပေဒအတုိင္း လုပ္ခဲ့တာျဖစ္တယ္လုိ႔ ေျပာပါတယ္။ ဆႏၵျပသူေတြထဲမွာ လမ္းသရဲအဖြဲ႔ေတြ၊ ရန္စလုိသူေတြလည္း ပါဝင္ေနခဲ့တယ္လု႔ိ သူကေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားမှာ ဆန္ဒပြသူ ထောင်ချီ ဖမ်းဆီးခံရ

ရုရှားနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူပေါင်း ၁ ထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံရခဲ့ရပါတယ်။

အစိုးရရဲ့ ပင်စင်ယူရမယ့် အသက်အရွယ်ကို တိုးမြှင့်လိုက်တဲ့ အစီအစဉ်ကို မကျေနပ်တာကြောင့် ရုရှားနိုင်ငံတဝန်း ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်း ခံရသူတွေ ထက်ဝက်ကျော်ဟာ စိန့်ပီတာစဘတ် မြို့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းရေးရဲတွေက ဆန္ဒပြသူတွေကို တုတ်တွေနဲ့ ရိုက်ကာ ခေါ်ယူခဲ့ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ ရဲတွေဟာ ဥပဒေအတိုင်း လုပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေထဲမှာ လမ်းသရဲအဖွဲ့တွေ၊ ရန်စလိုသူတွေလည်း ပါဝင်နေခဲ့တယ်လို့ သူကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)