0
271
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အာရ်မာ မုန်တိုင်းကို သေနတ်နဲ့ မပစ်ကြဖို့ ဖလော်ရီဒါ ရဲက သတိပေး
အမေရိကန်နိုင်ငံမှာ သေနတ်ကို မြတ်နိုးစွာ ကိုင်ဆောင်လေ့ရှိတဲ့ ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်နေတဲ့ အာရ်မာ ဟာရီကိန်းမုန်တိုင်းအား သေနတ်နဲ့ မပစ်ကြဖို့ ဖလော်ရီဒါ ရဲတွေက သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။
အီမာ ဟာရီကိန်းကို သေနတ်နဲ့ မပစ်ပါနဲ့၊ သင့်အနေနဲ့ ဘာမှ မပြောင်းလဲနိုင်ပါ၊ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုး ရှိပါတယ်လို့ ဖလော်ရီဒါ ရဲတပ်ဖွဲ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
မုန်တိုင်းကို သေနတ်နဲ့ပစ်တဲ့ အိုင်ဒီယာက ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ “စိတ်ဖိစီးမှု ဖြေဖျောက်ဖို့နဲ့ အပျင်းပြေဖို့” အာရ်မာကို သေနတ်နဲ့ ထွက်ပစ်ကြစို့ ဆိုပြီး နောက်ပြောင်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နောက်ပြောင်တဲ့ အကြံကို လူပေါင်း ၅ သောင်း ၄ ထောင်လောက်က စိတ်ဝင်စားကြောင်း ပြသခဲ့ကြပါတယ်။`
မုန်တိုင်းရဲ့ လေကြောင်းထဲမှာ ကျည်ဆန်က ကိုယ့်ဆီ ပြန်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်းနဲ့ အန္တရာယ်မရှိအောင် ဘယ်လိုပစ်မလဲဆိုပြီး ဂရပ်ဖစ်ပုံတွေနဲ့ အကြံပေးမှုတွေလည်း ရှိနေပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)