ထိုင္ဝမ္ ဒီမိုကေရစီအေရး တက္ၾကြလႈပ္ရွားသူကို တ႐ုတ္မွာ ႐ံုးထုတ္စစ္ေဆး

0
237

ႏိုင္ငံေတာ္ အာဏာကို မထီေလးစားလုပ္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ထိုင္ဝမ္ ဒီမိုကေရစီအေရး လႈပ္ရွားသူ လီမင္ခ်ီ ကို တ႐ုတ္အစိုးရက          ႐ံုးထုတ္စစ္ေဆးေနပါတယ္။

မက္ေဆ့ခ်္ေပးပို႔ စကားေျပာဆိုမႈေတြမွာ ပါတီစံုစနစ္ကို ေထာက္ခံအားေပး ေရးသားတယ္လို႔ စြဲခ်က္တင္ထားတဲ့ အသက္ ၄၂ ႏွစ္အရြယ္ လီမင္ခ်ီဟာ တ႐ုတ္ႏိုင္ငံကို သြားေရာက္ၿပီးေနာက္ ၿပီးခဲ့တဲ့ မတ္လအတြင္း ေပ်ာက္ဆံုးသြားကာ အခု တရား႐ံုးတင္ေတာ့မွ ဖမ္းဆီးထားမွန္း သိၾကတာ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဟူနန္ခ႐ိုင္မွာ လုပ္တဲ့ ႐ံုးထုတ္စစ္ေဆးမႈကို လီမင္ခ်ီရဲ႕ ဇနီး လီခ်န္းယုလည္း တက္ေရာက္ပါတယ္။ လီခ်န္းယုက တ႐ုတ္အစိုးရဟာ လီမင္ခ်ီကို သူ႔ဆႏၵနဲ႔ ဆန္႔က်င္တာေတြ အဓမၼထြက္ဆိုဖို႔ ဖိအားေပးလိမ့္မယ္လို႔ အေစာပိုင္းမွာ ေျပာခဲ့ပါတယ္။

လီမင္ခ်ီဟာ NGO ဝန္ထမ္းတစ္ေယာက္ျဖစ္ၿပီး ထိုင္ဝမ္မွာ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရး လႈပ္ရွားမႈေတြေၾကာင့္ လူသိမ်ားပါတယ္။    ၿပီးခဲ့တဲ့ မတ္လ ၁၉ ရက္ေန႔မွာ တ႐ုတ္ပိုင္ မကၠအိုကို ခရီးထြက္သြားၿပီး အဲဒီကေနတဆင့္ တ႐ုတ္ေတာင္ပိုင္း ဂြမ္ေဒါင္းျပည္နယ္ကို အသြားမွာ ေပ်ာက္ဆံုးေနခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်ဝမ် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူကို တရုတ်မှာ ရုံးထုတ်စစ်ဆေး

နိုင်ငံတော် အာဏာကို မထီလေးစားလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ထိုင်ဝမ် ဒီမိုကရေစီအရေး လှုပ်ရှားသူ လီမင်ချီ ကို တရုတ်အစိုးရက ရုံးထုတ်စစ်ဆေးနေပါတယ်။

မက်ဆေ့ချ်ပေးပို့ စကားပြောဆိုမှုတွေမှာ ပါတီစုံစနစ်ကို ထောက်ခံအားပေး ရေးသားတယ်လို့ စွဲချက်တင်ထားတဲ့ အသက် ၄၂ နှစ်အရွယ် လီမင်ချီဟာ တရုတ်နိုင်ငံကို သွားရောက်ပြီးနောက် ပြီးခဲ့တဲ့ မတ်လအတွင်း ပျောက်ဆုံးသွားကာ အခု တရားရုံးတင်တော့မှ ဖမ်းဆီးထားမှန်း သိကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ဟူနန်ခရိုင်မှာ လုပ်တဲ့ ရုံးထုတ်စစ်ဆေးမှုကို လီမင်ချီရဲ့ ဇနီး လီချန်းယုလည်း တက်ရောက်ပါတယ်။ လီချန်းယုက တရုတ်အစိုးရဟာ လီမင်ချီကို သူ့ဆန္ဒနဲ့ ဆန့်ကျင်တာတွေ အဓမ္မထွက်ဆိုဖို့ ဖိအားပေးလိမ့်မယ်လို့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

လီမင်ချီဟာ NGO ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ထိုင်ဝမ်မှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် လူသိများပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာ တရုတ်ပိုင် မက္ကအိုကို ခရီးထွက်သွားပြီး အဲဒီကနေတဆင့် တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ကို အသွားမှာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)